ချစ်စရာသမီးလေးနဲ့ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသူကတော့ မင်းသမီး မေထွဋ္ဌ်ခေါင်ပါ ။

ခင်ပွန်းရဲ့သည်းသည်းလှုပ်အချစ်ခံရလို့ အိမ်ထောင်ရေးကံကောင်းတဲ့သူမက ခင်ပွန်းနဲ့ဘယ်လိုဖူးစာဆုံခဲ့သလဲဆိုတာကို

Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာအောက်ပါအတိုင်းပြောသွားခဲ့ပါတယ် ။

" အမျိုးသားနဲ့ လက်မှတ်ထိုးပြီးနှစ်နှစ်လောက်ကြာမှမင်္ဂလာဆောင်တာ ။ မသိသေးတဲ့ပရိတ်သတ်တွေကလဲမသိဘူး ။

အမေက ၁၆ နှစ်လောက်ထဲကအိမ်ထောင်ပြုခိုင်းတာ ။ အမက ကိုယ်နှစ်နှစ်ကာကာမချစ်ဘဲအိမ်ထောင်မပြုချင်ဘူး ။

အသက် ၃၀ ကျော်မှ အမျိုးသားနဲ့ ကားရိုက်ရင်းတွေ့တာ ။ သူကိုမြင်မြင်ချင်းချစ်မိတာပါ ။ အမကအရင်ရည်းစားစကားပြောတာပါ ။

ချစ်သူဖြစ်ပြီး ၆ လအကြာမှာ သူကလက်ထပ်ခွင့်တောင်းလို့ လက်မှတ်ထိုး မင်္ဂလာဆွမ်းကျွေးပြီး နှစ်နှစ်ကောျ်မှ မင်္ဂလာဧည့်ခံပွဲလုပ်တာပါ ။

အမယောကျာင်္းက ကြုံခဲ့ဖူးတဲ့့ ယောကျာင်္းလေးတွေနဲ့မတူဘူး ။ ရိုးသားတယ် ။ မိန်းကလေးမြင်တိုင်းလှုပ်လှုပ်ရှားရှားမဖြစ်တတ်ဘူး ။ သူ့ကို လေးစားတယ် ။

အိမ်ထောင်ကျပြီးထဲက အမကိုစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ခဲ့ဖူးဘူး ။ အမကိုလဲချစ်တယ် ။ သမီးလေးကိုလဲတုန်နေအောင်ချစ်တာ ။ " လို့ သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောပြသွားပါတယ် ။

မေထွဋ္ဌ်ခေါင်ရဲ့ ခင်ပွန်းကလဲ

" ညီ ရဲ့ Shooting မှာအရံအဖြစ်လာဝင်ကူရိုက်ပေးရင်းနဲ့တွေ့ကြတာပါ ။ မင်းသားလုပ်ဖို့အစီအစဉ်လဲမရှိပါဘူး ။ နောက်ပိုင်းသူက ကျွန်တော့ကိုသဘောကျပြီး Shooting ရိုက်ဖို့ခေါ်တယ် ။ အဲကနေစပြီး တစ်စစသိလာတော့မှ အိမ်ထောင်ပြုဖို့ထိစဉ်းစားလိုက်တယ် ။ ခုထိ ချို့ယွင်းချက်မရှိပါဘူး ။ ၆ လမှာလက်ထပ်ခွင့်တောင်းခဲ့တာ ။ သူကလဲကြည်ကြည်ဖြူဖြူလက်ခံပါတယ် ။ နှစ်နှစ်လောက်နေမှ မင်္ဂလာဆောင်တော့ သမီးလေးကိုယ်ဝန် ၄ လလောက်ရှိနေပါပြီ ။ မင်္ဂလာဆောင်ပြီးသမီးလေးမွေးတော့ သိတဲ့သူတွေက မင်္ဂလာဆောင်တာမှမကြာသေးဘူး ကလေးလေးမွေးပြီလားဆိုပြီး ပြောကြတယ် ။ သမီးလေးကလဲ ၇ လနဲ့မွေးတာမို့ အရမ်းစောသွားတာပါ ။ သမီးလေးတစ်ယောက်ထဲအဖော်မဲ့နေမှာစိုးလို့ ကလေးလဲနောက်တစ်ယောက်လောက်ထပ်ယူဦးမှာပါ ။ " လို့လဲဆိုပါတယ် ။

နှစ်ဦးနှစ်ယောက်မြတ်နိုးချစ်ခင်လို့ လက်ထပ်ထားကြတာမို့ ရန်မဖြစ်ဘဲ ရှေ့လျှောက် ဘဝကိုအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားမှာပါ ဆိုတဲ့

သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးလေးက အားကျစရာပါပဲနော် ...

Source : Myanmar Celebrity  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။