မနေ့က သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ကြိမ်နှုန်း " ဇာတ်ကားရဲ့ red carpet show လေးကို အူဝဲတစ်ယောက် ၁၉၃၁ ခုနှစ်က မြန်မာ အမျိုးသမီးတစ်ယောက်ရဲ့ အပြင်အဆင် နဲ့ တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး အူဝဲကတော့ အားလုံးကိုရင်ခုန်စိတ်လှုပ်ရှားအောင်ခြောက်လှန့်မယ့် နာနာဘာဝ အမျိုးသမီးအဖြစ်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ကျက်သရေရှိလွန်းတဲ့ သူမရဲ့ အပြင် အဆင်တွေဟာ မြင်သူတိုင်းအံ့သြငေးမောနေချင်စရာပါ။

ဒီပွဲလေးကို သူမတစ်ယောက်တည်းတက်ရောက်လာခဲ့ပြီး ခင်ပွန်းဖြစ်သူတော့ အတူတူ မလိုက်လာခဲ့ပါဘူး။ သူမရဲ့ပရိသတ်တွေကလည်း ပွဲကိုရောက်ရှိနေပြီး ဒီဇာတ်ကားရဲ့ နာမည်လေးနဲ့လိုက်ဖက်အောင် Frequency ပုံစံလေးနဲ့ စာသားပုံဖော်ထားတဲ့ " Our Hearts Always Beat Only For You... " ဆိုတဲ့ စာတန်းလေးကို ကျောက်စီထားတဲ့မှန် ဘောင်လေးထဲထည့်ကာ လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပွဲတိုင်းလိုလို သူမကိုဒီလို လက်ဆောင်လေးတွေပေးတတ်တဲ့ ချစ်စရာ Fan လေးတွေကို ရထားတာလည်း တကယ့် ကိုကံကောင်းတာပဲနော်။

သူမရဲ့မြန်မာဆန်ဆန်ပွဲတက်ပုံရိပ်တွေကို " မနေ့က “Frequency “ ကြိမ်နှုန်း ရုပ်ရှင် ကား press show ကပုံလေးတွေပါ....ဒီကားထဲမှာ ၁၉၁၃ ခုနှစ်ကချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်...ဒါကြောင့် red carpet ကိုလဲဇာတ်ကားထဲက ဇာတ်ရုပ် အတိုင်းလေးဝတ်ပြီးတက်ခဲ့ပါတယ်. " ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုတွေအပြည့်နဲ့ လှရက်နိုင်လွန်း တဲ့ မင်းသမီးရဲ့ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Source - Eaindra Kyaw Zin

Photo - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။