တစ်ချိန်ကမြန်မာယူ၁၉အသင်းကို ၂၀၁၅ယူ၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရအောင် အကောင်းဆုံးကြိုးစားပေးတဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ နန်းဝေမင်းနဲ့သန်းပိုင်ကတော့ပရိသတ်တွေယနေ့တိုင်ချစ်နေရတဲ့ကစားသမားတွေပါ။သူတို့နှစ်ယောက်ကတော့ ယူ၂၀ ကမ္ဘာ့ဖလားအပြီးကတည်းကဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့်မြက်ခင်းစိမ်းတွေနဲ့ဝေးနေရတာပါ။ 

ခုမှာတော့သူတို့ဟာကလပ်အသင်းနဲ့တူတူမြက်ခင်းစိမ်းတွေပေါ်မှာခြေစွမ်းတွေပြန်ပြနိုင်တာကြောင့် ပရိသတ်တွေစိတ်အဝင်စားဆုံးကစားသမားတွေဖြစ်နေရတာပါ။တိုက်စစ်မှူးသန်းပိုင်ကတော့မိခင်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းမှာ နှစ်ပွဲဆက်တိုက်ခြေစွမ်းပြပြီးအသင်းအတွက်အနိုင်ဂိုးတွေသွင်းယူပေးနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းသန်းပိုင်ရဲ့ခြေစွမ်းတွေကိုပြန်အားပေးနေကြပြီး နိုင်ငံအသင်းအတွက်အားကိုးချင်နေကြတာဖြစ်ပါတယ်။ 

သူကိုသွင်းဂိုးတွေရအောင်အကောင်းဆုံးတွဲဖက်ပေးခဲ့တဲ့ ကစားသမားကတော့တစ်ချိန်ကနိုင်ငံအသင်းမှာတူတူတွဲဖက်ခဲ့တဲ့ နောက်ခံလူနန်းဝေမင်းပဲဖြစ်ပါတယ်။သူကတော့သန်းပိုင်ရဲ့သွင်းဂိုး၂ခုလုံးကိုပံ့ပိုးပေးခဲ့တဲ့ကစားသမားဖြစ်ပြီးတစ်ချိန်ကတွဲလုံးတွေကိုခုရန်ကုန်ယူနိုက်တက်အသင်းမှာပြန်တွေ့နေရတာပါ။သူတို့နဲ့တူတူနောက်ထပ်ပရိသတ်တွေကြားမှာနာမည်ကျော်နေတာကတော့ ရန်ကုန်အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ ကောင်းထက်စိုးပဲဖြစ်ပါတယ်။သူကတော့သန်းပိုင်ရဲ့သွင်းဂိုးတွေဖန်တီးတဲ့နေရာမှာတစ်ထောင့်တစ်နေရာကပါဝင်တဲ့ကစားသမားဖြစ်တာကြောင့်သူတို့၃ ယောက်ရဲ့တိုက်စစ်ဆင်သွင်းဂိုးလေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Yangon United 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။