ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော မိုးယုစံကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို အခိုင်အမာရရှိထားသလို ချစ်စရာကောင်းလွန်းတဲ့ သားသားလေး ကျောင်းသိင်္ခမိုးသူလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးပါပဲ..။

မိုးယုရဲ့ သားချောလေး ကောင်းသိင်္ခမိုးသူလေးကလည်း ချစ်စရာကောင်းလွန်းတာမို့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေး ဆယ်လီအနုပညာရှင် ရင်သွေးလေးပဲဖြစ်ပါတယ်နော်..။


မိုးယုလေးကလည်း သူမရဲ့ သားချောလေး ကောင်းသိင်္ခမိုးသူလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးနဲ့ ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေတတ်တာလည်း တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း မိုးယုရဲ့ တစ်ဦးတည်းသောမောင်လေး ဆန်းလင်းထွန်းကလည်း ချစ်တူလေးရဲ့ Piano တီးနေတဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို “ဆရာကြီး piano တီးနေတာ

ဦးလေးနဲ့ တူလို့လဲ ချောခန့်သန့်..” ဆိုပြီး တူလေးရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ထပ်မံမျှဝေလိုက်ပြန်ပါတယ်နော်..။


အသည်းယားစရာကောင်းလောက်အောင် လူကြီးလေးတစ်ယောက်လို Piano တီးနေတဲ့ သားသားလေး ကောင်းသိင်္ခမိုးသူလေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေသဘောကျအချစ်ပိုနေကြပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်ကောင်းသိင်္ခမိုးသူလေးကတော့ အရွယ်လေးနဲ့ မလိုက်အောင် လည်လွန်းတတ်လွန်းပြီး ချစ်စရာကောင်းသူလေးမို့ အားလုံးက ဝိုင်းပြီးချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်နော်..။

Photo - မိုးယုစံ၊ ဆန်းလင်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။