ကိုယ့်သားသမီးလေးနာမကျန်းဖြစ်ခဲ့အချိန်တိုင်း မိဘတွေက အစားဝင်ခံစားပေးချင်တဲ့ စိတ်က အားလုံးထပ်တူပါပဲ။ ကိုယ့်ရဲ့ရင်နှစ်သည်းချာ လေးက ကိုယ့်ရှေ့မှာ မကျန်းမာ တဲ့ပုံစံလေးမြင်နေရတော့ သူ့အစားကိုယ်သာဖြစ်ပေးလိုက်ချင်တယ်ဆိုတဲ့စိတ်လေး မိဘတိုင်းမှာဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ မိုးရာသီမှာအဖြစ်များတဲ့ ဖျားနာမှုကြောင့် Ivy လေးတစ်ယောက် နေမကောင်းဖြစ်တဲ့အခါ မေမေအေသင်တစ်ယောက် သမီးလေး နေမကောင်ဖြစ်တာကို သူမကိုယ်တိုင်သာဖြစ်ချင်တဲ့အကြောင်း သမီးလေးရဲ့ပုံလေးနဲ့အတူ ရင်ဖွင့်လိုက်တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ Ivy လေးတစ်ယောက် နေမကောင်းတာတောင် အသည်းယား စရာကောင်းလွန်းနေပါတယ်။ Mask လေးအုပ်ပြီး မျက်နှာလေးခပ်မဲ့မဲ့လုပ်နေတာလေးက ဖက်နမ်းချင်စရာကောင်းလွန်းနေပါတယ်။ Single Mother အဖြစ်နဲ့ သမီးလေးကို အကောင်းဆုံး ပျိုးထောင်ပြီး ဘဝကိုရဲရဲရင့်ရင့် ရင်ဆိုင်နေတဲ့ အေသင်တစ်ယောက် အရင်ကထက်တောင် ပိုပိုပြီးလှလာပါတယ်ပရိသတ်ကြီးရေ။

နေမကောင်းတဲ့သမီးလေးနဲ့အတူတူရိုက်ထားတဲ့ပုံရိပ်တွေကို " အမေ ဖျားပါလားဟင် ဘာလို့ ကလေးက ဖျားရတာတုန်း အင်း.... တကယ်လို့ အမေဖျားလဲ ကလေးက ဒီအမေကိုပဲကပ်တာဆိုတော့ ဖြစ်သေးပါဘူး။ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ မြန်မြန်နေကောင်းပါလေ ဗီးလေးရေ။

Photo - Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။