လူတိုင်းက သူများအကြောင်းကို သိတက်ပေမဲ့ ကိုယ့်အကြောင်း ဒါမှမဟုတ် ကိုယ်ကဘယ်လိုဖြစ်နေလဲဆိုတာကို မသိတက်ကြတာတွေရှိပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့ သင့်အပေါ်ကို သင်မြင်တဲ့ ရှူထောင့်တွေက အရမ်းကို ဆိုးရွာပါတယ်။ ငါဘာလို့ ဒီလိုဖြစ်နေတာလဲ ဆိုပြီး ကိုယ့်ကိုကို အဆိုးမြင်တက်ကြပါတယ်။ ပြီးတော့ လေ့လာတွေ့ရှိချက်တွေအရလဲ လူတွေဟာကိုယ်ကိုတိုင် ဘယ်သူလဲဆိုတာကို လက်မခံကြပါဘူး။ သင်ရဲ့ရည်ရွယ်ချက်တွေကလဲ မကြာခဏဆိုသလို ဘာမှန်းမသိ အောင်မြင်သွားတက်သလို တခြားသူအပေါ် ဖေးမအားပေးနှစ်သိမ့်တာကလဲ အဆင်ပြေသွားကြပါတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတာကို ကိုယ်ကိုတိုင်တော့မသိနိုင်ပါဘူး။ 

ပြီးတော့နောက်တစ်ချက်ကတော့ ပရိသတ်ကြီး သိကြတဲ့အတိုင်း လူတွေက ကိုယ့်ရဲ့အကြောင်းကို အမြဲတစေ ကွယ်ရာမှာပြောပြောလေ့ရှိပါတယ်။ ပြီးတော့တခါတလေ လူတွေက ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိနေတက်ကြပါတယ်။ အာ့ကြောင့်ပဲ အပေါ်မှာ လူတွေက ကိုယ့်ကိုကိုဘယ်လိုသူလဲဆိုတာ မသိတာကိုပြောပြရခြင်းဖြစ်ပါတယ်။ ကိုယ့်အကြောင်းကိုယ် သိဖို့လဲ နေ့တိုင်း ဒိုင်ယာရီ တွေရေးပေးပါ။ ပြီးတော့ ကျွန်တော်တို့လူသားတွေဟာလဲ ကျွန်တော်တို့လုပ်နိုင်တာထက် ပိုလုပ်နိုင်တယ်လို့ယုံကြည့်တက်ကြပါတယ်။ လူတိုင်းလိုလိုပါပဲ....ဥပမာ စာမေးပွဲတစ်ခုရှိရင် ကျက်ရမဲ့စာကို ငါဘယ်နရက်နဲ့လုပ်နိုင်ပါတယ် ဆိုပြီးသတ်မှတ်ရင်းသတ်မှတ်ရင်း ဆိုးရွားတဲံအခြေအနေထိ ရောက်တက်ကြပါတယ်။ 

ကိုယ့်ဘာသာကို မျက်ရည်ကျအောင်လုပ်တဲ့သူတွေက တခြားသူတွေထက် ပိုမိုပြီး မကြာခဏဆိုသလို အနှောင့်အယှက်တွေတွေ့တက်ကြပါတယ်။ အာ့ကြောင့် ဘယ်တော့မှ ကိုယ့်ကိုကိုမျက်ရည်ကျအောင်မလုပ်ပါနဲ့။ ကိုယ်ကိုတိုင်တောင် ဒါကြောင့်ဒီလိုဖြစ်နေတယ်ဆိုတာကို မသိပဲ အလကားသက်သက် မခံပါနဲ့..အာ့ကြောင့် မျက်ရည်ကျအောင်မလုပ်ပါနဲ့။ ကိုယ်ကိုတိုင်နားလည်ပဲ မသိပဲနဲ့လဲ တခါတလေမှာ အမှားတွေကို ထောက်ခံနေတက်ပါတယ်။ အဲ့လိုအကျင့်ကလဲ မကောင်းပါဘူး။ ကိုယ်ကိုတိုင် ကောင်းကောင်းမွန်မွန်နေရင် ကောင်းတာတွေပြန်ခံစားရမယ်ဆိုတာကို လူတော်တော်များများက မသိကြပါဘူး။ ၁၀ယောက်လောက်ရှိရင် ၇ယောက်လောက်က အဆိုးတွေလုပ်ပြီး ကောင်းတာကိုပဲ လိုချင်နေကြပါတယ်။ ကောင်းတာလုပ်ရင်ကောင်းတာရမယ်ဆိုတာကို သိကြပေမဲ့ မလုပ်ကြပါဘူး။ ဒါတွေဟာ သင်ကိုယ်တိုင်မသိတဲ့ သင့်ရဲ့အကြောင်းပါပဲ...ဆိုးနေတာတွေပြင်ပြီး ကောင်းတာတွေကိုပဲ လုပ်ဆောင်ပါ။ 

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။