Tupac ဆိုတဲ့နာမည်က ယနေ့ခေတ်လူငယ်တွေနဲ့ချိတ်ဆက်မှုမရှိလောက်ပေမဲ့ လူတော်တော်များများသိကြတဲ့ ကမ္ဘာကျော် Hip Hop အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ဟာ ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်တွေမှာတုန်းက All time best rapper လို့တင်စားခံရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့လောက်နာမည်ကြီးနေပြီး Rapper တစ်ယောက်ဖြစ်တာမို့ အဲ့လောကမှာ ကျင်လည်နေရတာဟာ မလွယ်ကူပါဘူး။ Under Ground အကြောင်းကို ပရိသတ်ကြီးလဲ သိမှာပါ။ 

အဲ့လိုတွေကြောင့် သူဟာ အသတ်ခံခဲ့ရကာ အမှုဟာယနေ့တိုင်မဖြေရှင်းနိုင်သေးပါဘူး။ အာ့ကြောင့် အနားယူသွားပြီဖြစ်တဲ့ အသက် ၅၆နှစ်အရွယ် Greg Kading ဆိုတဲ့ စုံထောက်တစ်ယောက်က သူ့ကိုဘယ်သူက သတ်သွားတဲဆိုတဲ့ တကယ့်လူသတ်သမားအစစ်မှန်ကို ဖော်ထုတ်သွားမယ်လိုပြောခဲ့ပါတယ်။ သူက " ကျွန်တော်တို့ သူ့ကိုဘယ်သူသတ်သွားလဲဆိုတာကို သိရဖို့ 90s အချိန်ထိပြန်သွားပြီး စုံစမ်းမှာဖြစ်ပါတယ် " ဆိုပြီး ပြောပြခဲ့ပါတယ်။ သူရဲ့ Show တွေနဲ့ သီချင်းတွေကိုပြန်ကြည့်ပြီး စုံထောက်ပီသစွာ စုံစမ်းသွားမှာဖြစ်ပါတယ်။ 

Tupac တစ်ယောက်သေဆုံးပုံကတော့ သူဟာ ကားမောင်းလာစဉ် ရင်ဘက်ကို သေနတ်နဲ့ လေးချက်အပစ်ခံခဲ့ရတာဖြစ်ပါတယ်။ ၁၉၉၆ခုနှစ် စက်တင်ဘာ ၇ရက်နေ့မှာ အဲ့ကိစ္စဖြစ်ပြီး စက်တင်ဘာလ ၁၃ရက်နေ့မှာပဲ ဆေရုံးမှာသေဆုံးခဲ့ပါတယ်။ ၆လကြာပြီးနောက်မှာ Biggie Smalls ဆိုတဲ့ Tupas သူငယ်ချင်းဟာလဲ အဲ့လိုပဲ LA မှာသေခဲ့ရပါတယ်။ သူတို့တွေသေဆုံးမှုအတွက် ဘယ်သူ့မှ တရားခံကို မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။ အဲ့လိုမျိုးပိတ်လိုက်ရပြီး မဖြေရှင်းရသေးတဲ့ကိစ္စအတွက် သေဆုံးသူနစ်နာမှာသော်ကြောင့် ခုချိန်မှာ ပြန်လည်ဖော်ထုတ်မှာဖြစ်ပါတယ်။ 

Source :Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။