မကြာမီယှဉ်ပြိုင်ထိုးသတ်ရတော့မယ့် အောင်လအန်ဆန်းရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲနဲ့ပတ်သက်ပြီး ပရိသတ်အချစ်တော် အောင်လအန်ဆန်းကတော့ ရင်ဖွင့်ခဲ့ပါပြီ။ ပြိုင်ဘက်ဖိုက်တာ ဟဲဗီးဝိတ်ချန်ပီယံဗီရာနဲ့ပတ်သက်ပြီး အောင်လအန်ဆန်းကတော့ ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်သလို ဗီရာရဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်းကိုလည်း ရေးသားထားတာတွေ့ရပါတယ်။  

ဗီရာကတော့ အသက် ၄၁နှစ် အရွယ်ရှိပြီဖြစ်ပြီး အရပ် ၆ပေ ၃လက်မရှိကာ MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၃ရက်နေ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်မှာဖြစ်ပြီး သမိုင်းဝင်ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာမှာပဲ ဖြစ်ပါတယ်။  

ဗီရာနဲ့ပတ်သက်ပြီး အောင်လအန်ဆန်းကတော့ ဗီရာရဲ့ ပရိသတ်အစစ်တစ်ယောက်ဖြစ်ကြောင်းနဲ့ မကြာမီယှဉ်ပြိုင်မည့် လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲကို အကောင်းဆုံးယှဉ်ပြိုင်သွားဖို့ပြင်ဆင်နေကြောင်းတွေကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းပြန်လည်ပြသခဲ့တဲ့ ဗီရာရဲ့ ပွဲကောင်းတစ်ပွဲကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDE0 - AUNG LA NSANG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။