အဆိုတော်၊သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ လက်ရှိမှာ ကိုယ်ဝန်လွယ်ထားရတဲ့ မိခင်လောင်းလေး ဖြစ်ပါတယ်။ ချစ်ခင်ပွန်းနဲ့အတူ သာယာဖြောင့်ဖြူးတဲ့ အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းခဲ့တဲ့ စန္ဒီမြင့်လွင်က မကြာခင်မှာတော့ မိသားစုဝင်အသစ်လေးကို ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံရဲ့ဘဝထဲကို ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်က ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်လွယ်ထားရတာ (၃၇) ပတ်ရှိနေပြီဖြစ်တဲ့ စန္ဒီမြင့်လွင်က သမီးလေးရဲ့မျက်နှာကိုမြင်ဖို့ ရက်ပိုင်းသာလိုတော့တာ ဖြစ်ပါတယ် ။ အခုလည်း စန္ဒီမြင့်လွင်က မိခင်ဖြစ်တော့မယ်ဆိုတော့မှ ဖြစ်ပေါ်လာတဲ့ သူမရဲ့ခံစားချက်တွေကို ပြောပြလာခဲ့ပါတယ်။ ကလေးမေမေဖြစ်တော့မယ့် စန္ဒီမြင့်လွင်က မိခင်တွေအားလုံးအပေါ်မှာ ပိုပြီးကိုယ်ချင်းစာမိလာတယ်လို့ ဆိုထားပါတယ်။

စန္ဒီမြင့်လွင်က '' မေမေဖြစ်တော့မယ်ဆိုတော့အမေတွေအားလုံးကိုကိုယ်ချင်းစာမိပီးပိုလဲချစ်လာတယ်လေ ကမ္ဘာပေါ်မှာရှိသမျှအမေတွေအားလုံး စိတ်ချမ်းသာကိုယ်ချမ်းသာစွာနဲ့တရားထူးတရားမြတ်တွေရကြပါစေရှင် ကိုယ်ကတော့အမေချစ်သမီးလေးပါ '' ဆိုပြီး ချစ်မေမေနဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိခင်လောင်းလေး စန္ဒီမြင့်လွင်နဲ့ သူမရဲ့ချစ်မေမေရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Sandy Myint Lwin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။