ပရိသတ်ကြီးရေ အနုပညာလောကမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ဇာတ်ရုပ်တွေကိုအပိုလိုမရှိ သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့မင်းသားကတော့ သရုပ်ဆောင်နေမင်းပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေအတွက် ဗဟုသုတရစေမယ့်ဇာတ်ကားတွေကိုရွေးချယ်ရိုက်ကူးတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးဇူးရှင်မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သိတတ်လိမ္မာတဲ့သားလိမ္မာလေးတစ်ယောက်ပါ။

အောင်မြင်မှုပေါင်းများစွာရရှိထားတဲ့ နေမင်းကတော့ စွယ်စုံရအနပညာရှင်တစ်ယောက်လဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရ ရှိနေတဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ပွဲအခမ်းအနားများနဲ့ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ သူဟာ ၁၄ ရက်နေ့မှာ ပုဂံမှာ ဖျော်ဖြေပွဲအတွက် သီချင်းတိုက်နေတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " 14 ရက် နေ့ ပုဂံ တွင်

ဖျော်ဖြေသီဆိုဖို့

လေ့ကျင့် နေပါသည်ကွယ်

... ဒီသူငယ်မအလှဆုံး

( ဘဘအံ့ကြီး သီဆိုခဲ့တယ်ထင်မိသော သီချင်း) " ဆိုပြီး ဝေမျှထားတာပါ။ ဒီသီချင်းဟာ ဂန္တဝင်တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး နားထောင်သူတိုင်းကို အေးချမ်းစေတဲ့ရသမျိုးပေးစွမ်းနိုင်တာပါ။ ပရိသတ်တွေလည်း နေမင်းရဲ့ဗီဒိယိုလေးကို ကြည့်ရှုအားပေးကြပါဦးနော်။

Source- Nay Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။