တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အခုအချိန်ထိ အောင်မြင်မှုတွေ တစ်ခဲနက်ရရှိထားတဲ့ စမိုင်းလ်ကိုသိကြမှာပါနော်...။ သူမဟာဆိုရင် ကလေးနှစ်ယောက်အမေဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်နုပျိုလန်းဆန်း သွယ်လျလှပနေတာဖြစ်ပါတယ်...။ ကလေးမွေးပြီးချင်း ဝိတ်တွေအရမ်းတက်သွားခဲ့ပေမယ့် နည်းစနစ်တကျနဲ့ ပြန် train လိုက်တဲ့အခါမှာ ကျစ်လစ် တောင့်တင်းတဲ့ body အမိုက်စားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်..။ သူမရဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီးရေးသားထားတဲ့ "Sharing Is Caring" ဆိုတဲ့ စာအုပ်ဟာဆိုရင်လည်း အားပေးသူ အမြောက်အများရရှိခဲ့တာပါ..။

စမိုင်းလ်ရဲ့ အမျိုးသားဟာဆိုရင်လည်း ဖခင်ကောင်းပီသပြီး ဇနီးနဲ့ သမီးနှစ်ယောက်ကို လိုလေသေးမရှိထားတာဖြစ်ပါတယ်...။ မိန်းမဖြစ်သူကို "surprise" တွေပြုလုပ်ပေးသလို မိန်းမဖြစ်သူကလည်း ချစ်ခွင်ပွန်းအတွက် သိန်းပေါင်းများစွာတန်တဲ့ကားကြီး ဝယ်ပေးပြီး သူမရဲ့ အချစ်တွေကို သက်သေပြခဲ့တာပါ...။ အလှူအတန်းတွေ ပြုလုပ်လေ့ရှိသလို အပန်းဖြေခရီးတွေလည်း ထွက်လေ့ရှိတဲ့ စမိုင်းလ်တို့မိသားစုဟာဆိုရင် နိုင်ငံရပ်ခြားဒေသ တွေကအစ သွားရောက်လည်ပတ်ခဲ့တာပါ...။

အခုတစ်ခါမှာဆိုရင်လည်း အမေရိကန်နိုင်ငံရှိ "Washington DC" မြို့သို့ ရောက်ရှိနေပြီး အိမ်ဖြူတော်ကိုပါ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြတာပါ...။ နာမည်ကြီးတော်တော်များများကို လည်ပတ်ပြီးပြီဖြစ်တဲ့ စမိုင်းလ်တို့မိသားစုဟာဆိုရင် ဟိတ်ဟန်တွေမပါဘဲ၊ သာမန် မိသားစုတွေလိုပဲ ဓာတ်ပုံတွေရိုက်၊ တစ်ယောက်တစ်မျိုးစီ ပို့စ်အလန်းတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်ပါးနေတာကို ပရိသတ်ကြီးအနေနဲ့ ဂုဏ်ယူလေးစားဖွယ်အားပေးကြရမှာပါ...။ Myanmarload ပရိသတ်ကြီးအတွက် အချိန်နဲ့တပြေးညီ အနုပညာသတင်းတွေ တင်ဆက်ပေးနေတာမလို့ see first လုပ်ထားဖို့မမေ့ပါနဲ့နော်...။

Source စမိုင်းလ် Smile 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။