ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ် သရုပ်ဆောင် ကျော်ကျော်ကလည်း တစ်ဦးအပါအဝင်ပါပဲနော်..။

ကျော်ကျော်ကတော့ ပျော်ပျော်နေတတ်ပြီး အမြဲပြုံးရယ်နေတတ်မသလို ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အမြဲစနောက်ပျော်ရွှင်ရင်း ပရိသတ်တွေကိုလည်း ဟာသဗီဒီယိုလေးတွေနဲ့ ခွီနေအောင် လုပ်တတ်ကြပါသေးတယ်..။


အခုတစ်ခါမှာတော့ ကျော်ကျော်က သူကိုယ်တိုင်ဂီတာတီးပြီး ခံစားချက်တွေအပြည့်နဲ့ ဆိုထားတဲ့ Cover Song သီချင်းဗီဒီယိုလေးကို ပရိသတ်တွေကို မျှဝေလိုက်ပါတယ်နော်..။

အဆိုတော် ချယ်ရီသင်းရဲ့ “ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်” သီချင်းလေးဖြစ်တဲ့ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတဲ့ သီချင်းစာသားလေးတွေကို ခံစားချက်တွေအပြည့်နဲ့ Cover Song ပြန်လည်သီဆိုထားတာဖြစ်ပါတယ်နော်..။


“အချစ်ဟာလိုက်လို့ပြေးတာလား..ပြေးလို့လိုက်တာလား

တစ်ယောက်တည်းဗားရှင်း..” ဆိုပြီး ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ အားလုံးကလည်း သဘောကျနေကြတာလည်း တွေ့ရပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ကျော်ကျော်ရဲ့ Cover Song သီချင်း ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ နားဆင်အားပေးလိုက်ကြရအောင်နော်..။


Photo - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။