ဒီတစ်ခါ ဖော်ပြပေးချင်တဲ့ သတင်းတစ်ပုဒ်ကတော့ ကြားသိလိုက်ရတဲ့သူတွေကို အထူးအဆန်းဖြစ်သွားစေမယ့် အကြောင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေဟာ မွန်ဂိုလီးယားနိုင်ငံထဲမှာ နှစ်၂၀၀ သက်တစ်တမ်းရှိပြီဖြစ်တဲ့ ဦးဇင်းတစ်ပါးရဲ့ ရုပ်ကလာပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ အခုတွေ့ရှိခဲ့တဲ့ ဦးဇင်းဟာ the guru of Lama Dashi-Dorzho Itigilov ဖြစ်တယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

ဘုန်းတော်ကြီးကို ရှာဖွေတွေ့ရှိတုန်းကဆိုရင် တရားထိုင်လျက်အနေအထားမျိုးနဲ့ ၇ှိနေတာကို ထူးဆန်းစွာတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ စတင်ရှာတွေ့ခဲ့တုန်းကဆိုရင် သိပ္ပံပညာ၇ှင်တွေဟာ ဘုန်းတော်ကြီးကို အသက်ရှင်လျက် တရားထိုင်နေတာို့တောင် ထင်မှတ်သွားခဲ့ကြပါသေးတယ်။ ထို ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်ကို Ulan Bator မှာရှိတဲ့ အမျိုးသား မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဌာနကိုပို့ပြီး စစ်ဆေးခဲ့ကြပေမယ့်လည်း မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို အတိအကျ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။

ဒါပေမယ့်လည်း အားတက်စရာတစ်ခုအနေနဲ့ သိပ္ပံပညာရှင်တွေဟာ အခြားသော အရာတွေကို ရှာဖွေော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ဘုန်းတော်ကြီးဟာ ပျံလွန်တော်မမူခါနီးမှာ အသက် ၄၅နှစ်အရွယ် ရှိနေသေးတာဖြစ်ပြီး အခုလိုမျိုးကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တည်ရှိနေတာကတော့ နှစ်ပေါင်း ၂၀၀ ရှိနေပီဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ပိုပီးထူးဆန်းတာတစ်ခုကတော့ ဘုန်းတော်ကြီးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်၂၀၀ သက်တမ်းရှိနေပီ ဖြစ်ပေမယ့်လည်း ပြင်ပ ခန္ဒာကိုယ်အစိတ်အပိုင်းတွေအပြင် တရားထိုင်လျက်ပုံစံကါ ပုံမပျက်ပဲ ရှိနေခဲ့တာကြောင့် သိပ္ပံပညာ၇ှင်တွေကို အကြီးအကျယ် အံ့သြသွားစေခဲ့ရတာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အဆိုပါ အဖြစ်လိုမျိုး အဖြစ်အပျက်တွေဟာ တစ်ကယ့်လက်ေ တွ့မှာ အများဖြစ်ပေါ်နေကြပြီး ဒီလိုအဖြစ်တွေကို တိတိကျကျလေ့လာဖို့ သိပ္ပံပညာနဲ့ လိုက်မမှီနိုင်ကြသေးပါဘူး ပရိသတ်ကြီၤးရေ....

sOURCE : Blogger Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။