ဘောလုံးအားကစားနည်းဟာပရိသတ်တွေကိုစိတ်ဝင်စားစရာကောင်းအောင်ရင်ခုန်အောင်လုပ်နိုင်တာကြောင့်ပွဲစဉ်တိုင်းဟာပရိသတ်အပြည့်နဲ့အောင်မြင်နေတာပါ။တစ်သင်းနဲ့တစ်သင်းပြိုင်ဆိုင်မှုပြင်းထန်တာတွေကလည်းပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ရသလိုပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်ကစားသမားအချင်းချင်းကတောက်ကဆတွေဖြစ်တာကလည်းပွဲကိုပိုမြိုင်ဆိုင်စေတာပါ။ 

ကမ္ဘာ့ထိပ်သီးအသင်းတွေထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေဆိုပရိသတ်တွေပိုစိတ်ဝင်စားကြပြီးနိုင်ပွဲတစ်ပွဲရဖို့ကြိုးစားကြရင်းကစားသမားတွေထိခိုက်မှုတွေရှိကြတာပါ။တစ်ချို့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေမှာဆိုပရိသတ်တွေပါဝင်လာကြပြီးပွဲတွေရပ်နားတဲ့အထိတောင်ဖြစ်ရတာပါ။ကမ္ဘာကျော်ကစားသမားတွေလည်းတွန်းတွန်းတိုက်တိုက်ကစားရင်းကစားသမားအချင်းချင်းရန်ဖြစ်မှုတွေရှိသလိုပြဿနာရှာတဲ့ကစားသမားတွေလည်းရှိနေတာပါ။ 

ခုမှာတော့ပရိသတ်တွေကိုတင်ဆက်ပေးချင်တာကတော့ယောက်ျားလေးတွေရဲ့ကွင်းထဲကရန်တွေကိုမဟုတ်ပဲအမျိုးသမီးဘောလုံးပွဲစဉ်တွေထဲကရန်ပွဲတွေကိုတင်ဆက်ပေးမှာပါ။မိန်းကလေးတွေဖြစ်ပေမယ့်လည်း မိမိအသင်းအနိုင်ရဖို့အတွက်ကြိုးစားရင်းနဲ့ဖြစ်ကြတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းအမျိုးသမီးပွဲတွေထဲကရန်ပွဲ video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။ 

SOURCE:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။