ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတခု မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းဓာတ်အားပေးစက်ရုံဟာ မနေ့က ဇူလိုင်လ ၁၁ ရက်နေ့က မီးလောင်ခဲ့တာဖြစ်သလို ဒီမီးလောင်မှုကြောင့် လူအနည်းငယ်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူ ဦးရေအနေနဲ့ဆိုရင်လည်း ၇ ယောက်ထက် မနည်းရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်မှာ အတိအကျ ထုတ်ပြန်ကြေညာထားတာမျိုးတော့ မတွေ့ရှိရသေးပါဘူး။

ဒီဖြစ်ရပ်ကို ရိုက်ကူးမိထားတဲ့ ဗီဒီယိုတစ်ခုအတွင်းမှာဆိုရင်လည်း ၎င်းမီးလောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောင်ကြီးတွေဟာ အရမ်းကိုကြီးမာနေခဲ့တာတွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းဓာတ်အားပေးစက်ရုံ ပေါက်ကွဲရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source- Independent

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။