မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ကျော်ကိုကိုကတော့နိုင်ငံအသင်းအတွက်ဂိုးတွေသွင်းပြီးပရိသတ်တွေကိုအမြဲပျော်ရွှင်အောင်ဖန်တီးပေးတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။သူကတော့လက်ရှိမှာထိုင်းပရီးမီးယားကလပ်တွင်ကစားနေတာဖြစ်ပြီးခြေစွမ်းပြပြီးဂိုးတွေလည်းသွင်းယူနိုင်တာဖြစ်ပါတယ်။ 

သူကတော့မြန်မာအသင်းမှာအချိန်တော်ကြာကစားခဲ့တဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တာပါ။နိုင်ငံတစ်ကာအတွေ့အကြုံများစွာရှိတဲ့အပြင်တိကျတဲ့ဂိုးသွင်းမှုတွေပရိသတ်တွေကိုပျော်ရွှင်စေတာပါ။သူကတော့ဒဏ်ရာကြောင့်ဘောလုံးလောကမှအချိန်တော်ကြာနားခဲ့ရပေမယ့် ပရိသတ်တွေကအမြဲတမ်းတနေရတာပါ။ခုမှာလည်း နိုင်ငံအသင်းအတွက်ပရိသတ်တွေအားကိုးနေရတာဖြစ်ပါတယ်။ 

သူကတော့တိုက်စစ်မှူးတစ်ယောက်ဖြစ်တာကြောင့်ဘောလုံးကိုအမြဲကစားနေရင်းလေ့ကျင့်နေရတာဖြစ်ပါတယ်။ခုမှာလည်းကျော်ကိုကိုကတော့ ဘောလုံးသေးသေးလေးရောအကြီးကြီးရောကိုခြေထောက်နဲ့ ပုံစံအမျိုးမျိုးမပြုတ်ကျအောင်ကစားပြလိုက်တာပါ။ဘယ်ဘောလုံးလာလာ စကေးပြတက်တဲ့ကျော်ကိုကိုရဲ့ video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Kyaw Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။