ချစ်ပရိတ်သတ်ကြီး ရေ..... စွဲမက်စရာကောင်းတဲ့ သံစဉ်ချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေ ကို အခုအချိန်မှာအပြည့်အဝသိမ်းပိုက်ယူထားနိုင်နေတဲ့အဆိုတော်မလေး ဝိုင်းလေးဆိုတာ နာမည်ကျော်လေးပါပဲနော်။ပရိတ်သတ်တွေရဲ့အချစ်တော် အသည်းကျော်လေးတစ်ယောက်လည်းဖြစ်သလို ထွက်သမျှသီချင်းလေးတွေတိုင်းဟာ ပရိတ်သတ်တွေရင်ထဲကော ပါးစပ်ထဲမှာပါ အမြဲစွဲနေခဲ့ရပါတယ်နော်။

အခုနောက်ပိုင်းမှာဆိုရင်လည်း သူမဟာ အနုပညာခြေလှမ်းလေးတွေကို ခပ်စိပ်စိပ်ကလေးလှမ်းလာခဲ့ပြီးတော့ သီချင်းလေးတွေကိုလည်းပိုလုပ်ဖြစ်နေပါတယ်နော်။ ဒါ့အပြင်သူမဟာ အသည်းယားဖို့ကောင်းတဲ့ ချစ်စဖွယ်မျက်နှာလေးနဲ့ အမိုက်စား ခန္ဓာကိုယ်လေးရဲ့ ပိုင်ရှင်လေးတစ်ယောက်လည်းဖြစ်တဲ့အတွက် ဘာပဲဝတ်ဝတ်အရမ်းကို လိုက်ဖက်မှုရှိလွန်းသူလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူမဟာ ဒီလိုပြီးပြည့်စုံတဲ့အလှတွေကို သူမအရမ်းချစ်ရတဲ့ ဖေဖေနဲ့မေမေကြောင့်ပိုင်ဆိုင်ခွင့်ရထားတာလည်းဖြစ်ပြီးတော့ အဖေက ဗမာ အမေက ကချင်တိုင်းရင်းသူဖြစ်တဲ့အတွက် သူမကတော့ အလှတွေပိုနေတဲ့ ကပြာမလေးတစ်ယောက်ဖြစ်နေခဲ့ရပါတယ်နော်။ အခုလည်း မန္တလာမြေကိုရောက်တုန်းလေး ကုသိုလ်တော်ဘုရားမှာအမှတ်တရ လေးတွေလုပ်ရင်း ပုံရိပ်လှလှလေးတွေကို ရိုက်ခဲ့ပါတယ်နော်။ ကဲ... မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိရှိလေးအရမ်းကို လှပလွန်းနေတဲ့ ကပြားမလေး ဝိုင်းလေးရဲ့ ပုံရိပ်လှလှလေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Wyne Lay

Photo Crd : Hein Latt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။