ဂရေဟမ်ရဲ့ သမီးချောလေးနှစ်ယောက်ထဲက ပန်းရောင်ခြယ်ဆိုတဲ့ ဆံပင်အရှည်ကြီးနဲ့ အသံအေးအေးလေးနဲ့ ပရိသတ်ရင်ထဲဖမ်းစားသွားတဲ့ ကောင်မလေးကိုတော့ လူအများသိပြီးဖြစ်မှာပါ။ သားအဖနှစ်ယောက်ရဲ့ Wake up Daddy တေးစီးရီးထွက်ရှိထားပြီးနောက် ဒီတစ်ခေါက်မှာတော့ ပန်းရောင်ခြယ်ရဲ့ ပညာရေးနဲ့ အနုပညာဘဝကို သူမရဲ့အင်တာဗျူးထဲက အနည်းငယ်ထုတ်နုတ်တင်ဆက်လိုက်ပါတယ်။

" ညီမက ငယ်ငယ်တည်းက အဆိုတော်ဖြစ်ချင်ခဲ့တယ်။ ဒာပေမယ့်မေမေက အထက်တန်းကျောင်းပြီးမှလုပ်ဖို့ပြောတာနဲ့ စာကိုကြိုးစားခဲ့တယ်။ High school ပြီးတော့ ဒီကိုပြန်လာပြီး ဒယ်ဒီကလဲ အခွေမထွက်တာ ခုနစ်နှစ်ရှိပြီဆိုတော့ မေမေကလည်း သားအဖနှစ်ယောက်တစ်ခွေတည်းပေါင်းထွက်လိုက်ပါလားလို့ အကြံပေးတာနဲ့ Wake up Daddy ဆိုတဲ့အခွေလေးဖြစ်လာတာပါ။ ဂရေဟမ်နဲ့သူ့သမီး သီချင်းခွေထုတ်တယ်ဆိုတော့ ဒယ်ဒီ့ပရိသတ်တွေကနားထောင်ပေးရင်းနဲ့ ညီမကိုပရိသတ်တွေ သတိထားမိခဲ့ကြတာပါ။ အဲဒီ့အတွက် ဒယ်ဒီ့ကိုကျေးဇူးတင်သလို ပရိသတ်အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ "

" သြစတြေးလျမှာ အထက်တန်းကျောင်းပြီးရင် နားလို့ရတယ်။ အရမ်း Stressများတော့ တစ်နှစ်လောက်ပေးနားတယ်။ နားပြီးမှတက္ကသိုလ်တက်လဲရတယ်ဆိုတော့ ညီမကတစ်နှစ်နားလိုက်ပါတယ်။ ပြီးတော့ ဒီကိုပြန်လာတယ်ပေါ့။ အခုတော့ဟိုနဲ့ဒီကိုတော့ သွားလိုက်ပြန်လိုက်နဲ့ပဲ တက္ကသိုလ်တက်နေပါတယ်။ ကျောင်းက သြစတြေးလျ Paradeမြို့မှာ DWAဆိုတဲ့ကျောင်းမှာ Architecture တက်နေတာပါ။ တကယ်ဝါသနာပါတာကတော့ သီချင်းဆိုတာကို ၀ါသနာပါပါတယ်။ ဒါပေမယ့် ပန်းရောင်မေမေက ပညာရေးကိုဦးစားပေးစေလိုတဲ့အတွက် ပန်းရောင်ကြိုးစားပြီးတက်နေပါတယ်။"

" ကျောင်းပြီးရင် မေမေက Architecture ကုမ္ပဏီလေးတစ်ခု ဖွင့်ဖို့စီစဉ်ထားပါတယ်။ မေမေကိုယ်တိုင်ကလည်း အိမ်ဆောက်ဒီဇိုင်းဆွဲတာ ၀ါသနာပါတဲ့အတွက် ပန်းရောင်နဲ့မေမေ အလုပ်တွဲလုပ်မှာပါ။ ဂီတနဲ့ပတ်သတ်လို့ ပန်းရောင်ကအဓိက စန္ဒရားတီးတာဆိုတော့ အခု ဂီတာတီးသင်နေပါတယ်။ ဟိုမှာလည်း Scholarship တစ်ခုရထားပြီးတော့ Music ကို Subject တစ်ခုအနေနဲ့ ပန်းရောင်ယူပြီးသင်တယ်။ "

Source : local media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။