ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ ချစ်စရာကောင်ပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်သလို အဆိုတော်ချောလေး သားဂန်းနဲ့အတူ သာယာပျော်ရွှင်ပြီး ကြည်စရာကောင်းလွန်းတဲ့ အချစ်ရေးလေးကိုလည်း နှစ်ယောက်အတူ ပိုင်ဆိုင်ဖြတ်သန်းနေသူလေးပါပဲ..။


မင်းသမီးချောလေး ဘေဘီမောင်ကတော့ ပြည်သူချစ်တဲ့ အနုပညာရှင်ဆယ်လီတစ်ဦးအဖြစ် ရပ်တည်နေသလို စိတ်ထားဖြူစင်ပြီး လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်တတ်တဲ့ သဒ္ဒါတရားထက်သန်သူလေးပဲ ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း ကျူးကျော်တဲမှာ နေထိုင်နေပြီး အခက်အခဲဖြစ်နေတဲ့ လူကြမ်းသရုပ်ဆောင် ဦးဖော်ကြီးအတွက် စိတ်မကောင်းဖြစ်နေကာ ထောက်ပံ့ငွေသွားရောက် ကူညီလှူဒါန်းသွားမယ်လို့ ဆိုပါတယ်နော်..။


ဇူလိုင်(၁၂)ရက်နေ့မှာ မြောက်ဒဂုံမှာရှိတဲ့ ဦးဇော်ကြီးရဲ့ နေအိမ်ကို ကိုယ်တိုင်သွားရောက်ပြီး ထောက်ပံ့ငွေ ပေးအပ်ကူညီသွားမှာဖြစ်တဲ့အကြောင်းလေးကိုလည်း ဘေဘီမောင်က ချစ်ပရိသတ်တွေကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ချစ်ပရိသတ်တွေရဲ့ အသည်းကျော်လေး ဘေဘီမောင်က “ကိုယ့်စေတနာ ကိုယ့်အကျိုးပေးမှာပါ

ဒုက္ခရောက်နေတဲ့ ခုနှစ်ရက်သားသမီးတွေဆို ကိုယ့်ဘက်က တတ်နိုင်သလောက်လေးတော့ ကူညီသင့်ပါတယ်လေ

ခု လူကြမ်းသရုပ်ဆောင်ဖိုက်တင် ဦးဇော်ကြီးဆို ဘေဘီတို့ ရုပ်ရှင်နယ်ပယ်ကလည်း ဖြစ်တယ် တော်တော် အဆင်မပြေဘူးဆိုတာလည်း Hiso Myanmar page မှာကြည့်ရင် တွေ့ကြမှာပါ ဘေဘီလည်း အောက်ခြေဘဝက လာခဲ့တဲ့သူမို့ စာနာစိတ်ထားပီး ဘေဘီတတ်နိုင်တဲ့ ငွေလေး၂သိန်းလောက် သွားရောက်လှူမှာပါရှင့်..” ဆိုပြီး ပြောပြထားတာပါနော်..။

Photo - ဘေဘီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။