ပရိသတ်ကြီးရေ မင်းသမီးချောလေးအိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေအမြဲတမ်းချီးကျူးပြီးလေးစားအားကျနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ အိန္ဒြာကျော်ဇင်ရဲ့ အိမ်နာမည်အူဝဲကိုချစ်စနိုးလေးနဲ့ ခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးကြကာ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်တဲ့ အူဝဲရဲ့သရုပ်ဆောင်မှုတွေကိုလည်း အမြဲတမ်းချီးကျူးနေကြတာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အချစ်တော် အိန္ဒြာကျော်ဇင်ကတော့ ကလေးနှစ်ယောက်အမေအိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း နုပျိုလန်းဆန်းမှုတွေကတော့ အပျိုရှုံးလောက်အောင်လှလွန်းတာကို ပရိသတ်ကြီးလည်းမျက်မြင်တွေ့နေရမှာပဲနော်။စိတ်ထားလေးကလည်းဖြူစင်နူးညံ့သူဖြစ်လို့ မျက်နှာလေးကလည်း ကြည်လင်အေးချမ်းပြီး မြင်သူတကာရင်ထဲကိုပျော်ရွှင်မှုတွေပေးစွမ်းနိုင်ပါတယ်နော်။

မိန်းကလေးပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်ရဲ့ အံ့မခန်းနုငယ်ပျိုမျစ်မှုတွေကို အားကျနေကြတာဖြစ်ပြီး အိန္ဒြာကျော်ဇင်ကလည်း ပွဲတွေကိုတက်ရောက်ရင် သူမတူတဲ့ဖက်ရှင်အလန်းတွေနဲ့ အားလုံးရဲ့လည်ပြန်ငေးမောမှုတွေကိုရရှိနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အိန္ဒြာကျော်ဇင်က မုန့်ကိုအားရပါးရစားရင် လမ်းလျှောက်နေတာတောင် အလှမပျက်ဘဲအရမ်းချစ်စရာကောင်းနေတဲ့ ခရီးသွားတုန်းကဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Eaindrakyawzin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။