တစ်ချိန်ကလူကြမ်းသရုပ်ဆောင်ကိုကိုဦးဟာဆိုရင် သားအချောလေးကိုပိုင်ဆိုင်ထားပြီး အခုဆိုရင် သားလေးက အဖေ့ခြေရာနင်းပြီး အနုပညာ လောကထဲကိုဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ဖခင်က လူကြမ်းမင်းသားဖြစ်ခဲ့ပေမယ့် သီဟအောင်ကတော့ နှုတ်ခမ်းနီ မလေးတွေကြားမှာ ရေပန်းစားပြီး လူချောမင်းသားလေးဖြစ်လို့နေပါပြီ။ ဆယ်ကျော်သက် အရွယ်ဖြစ်ပြီး အနုပညာအလုပ်တွေထဲကို ထဲထဲဝင်ဝင်မလုပ်ကိုင် သေးပေမယ့် သီချင်း MTV လေးတွေနဲ့ ဓာတ်ပုံတွေတော့ ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အကယ်ဒမီပေးပွဲမှာလည်း ရွှေကြိုမောင်အဖြစ်ပါဝင်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ပျိုပျိုမေတို့ကြား ရေပန်းစားလွန်းနေပြီး သူ့ရဲ့ပုံရိပ်တွေဟာလည်း တကယ့် ကိုကြွေချင်စရာပါ။ စကားပြောရင် " သား " ဆိုတဲ့ နာမ်စားလေးသုံးတတ်ပြီး ချစ်ဖို့ကောင်း တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို ပြုစားတော့မှာပါ။

လက်ရှိမှာတော့ " ရွှေခြေကျင်း " ဆိုတဲ့ သီချင်း MTV လေးမှာ ဦးခင်လှိုင်ရဲ့ သမီး ချောလေး သဇင်ထူးမြင့်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ဒီ MTV လေးဟာလည်း ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့ပါတယ်။ ငယ်ရွယ်တက်ကြွမှုတွေနဲ့ အနုပညာကြယ်ပွင့်လေးတစ်ပွင့်ဖြစ်လာမယ့် သီဟအောင်ရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးရှုစားနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Thiha Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။