ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြည့် ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှယ်ဆယ်လီစုံတွဲလေးကတော့ အဆိုောတ်အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အေးချမ်းနွေးထွေးပြီး ပြီးပြည့်စုံတဲ့ ကြည်နူးပျော်ရွှင်စရာ မိသားစုပုံရိပ်လေးတွေကကြောင့် ပရိသတ်တွေ အမြဲအားကျချစ်ခင်နေကြရတာဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ သမီးချောလေး Scarlett လေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်..။


ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ရင်သွေးလေးတွေထဲမှာ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ သမီးချောလေး Scarlett လေးကလည်း အားလုံးရဲ့ အသည်းကျော်လေးပါပဲ..။

အသည်းယားစရာကောင်းလွန်းတဲ့ လှုပ်ရှားမှုဟန်ပန်ပုံရိပ်လေးတွေနဲ့ အမြဲချစ်စရာကောင်းနေတဲ့ Scarlett လေနဲ့ အတူကစားရင်း မေမေမြတ်ရတနာကျော်တစ်ယောက်ကတော့ အချိန်တွေကုန်လို့ ကုန်မှန်းကို မသိတော့ပါဘူးတဲ့နော်..။


မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးတွေအပြင် ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ Scarlett လေးကိုတော့ ပရိသတ်တွေကတော့ တကယ်ကို မချစ်ပဲ မနေနိုင်လောက်အောင် အသည်းယားစရာလေးပါပဲနော်..။

ကိုက်ဆွဲချင်စရာပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ Scarlett လေးနဲ့ အတူ ဓာတ်ဖမ်းထားတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အားလုံးပဲ သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo - မြတ်ရတနာကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။