အာလုံးပဲ သိကြတဲ့အတိုင်း လက်တလောမှာဆိုရင်တော့ Celebrity တော်တော်များများဟာ ခုချိန်မှာ Bottle Cap Challenge ကိုလုပ်ဆောင်လေ့ရှိတာကို သိရှိကြမှာပါ။ တစ်ရက်ပြီးတစ်ရက် Cele တွေ တစ်ယောက်ပြီးတစ်ယောက် အဖုံးကိုကိုင်နေကြပါတယ်။ ကန်ကြတဲ့အထဲမှာ လူကြိုက်များတဲ့ Cele တွေကတော့ Jason Statham, Donnie Yan စတဲ့သူတွေရဲ့ Video ကိုတော့ ပိုမိကြိုက်ကြပါတယ်။ 

ခုချိန်မှာတော့ ပရိသတ်တော်တော်များများရဲ့ အချစ်တော် DJ မလေးဖြစ်တဲ့ DJ Soda ကလဲ Bottle Cap Challenge ကို လှပစွာ ကန်သွားပြနိုင်ခဲ့ပါတယ်။ Video ထဲမှာတော့ သူမကန်ပြသွားတာထက်စရင် သူမရဲ့အလှတရားက ပရိသတ်ကြီးကို ပိုမိုဆွဲဆောင်မှာပါ။ ဘာလို့လဲဆိုတော့ သူမကချစ်ဖို့ကောင်းပြီး လှတာကိုး...ချစ်စရာလေးလေ။  

လိမ္မော်ရောင် ကျော်ပြောင်အင်္ကျီနဲ့ ဘောင်ဘီးတိုလေးကို ဝတ်ကာ လှတပတ ခြေထောက်ကိုမြောက်ကာ နောက်ပြန်ကန်သွားခဲ့ပြီးနောက် ကျသွားတဲ့အဖုံလေးက သူမရဲ့ Bottle Cap Challenge အောင်မြင်တာကို အသိအမှတ်ပြုခဲ့ပါတယ်။ ခြေတံကလဲ ရှည်တယ်နော်....အဲ့လောက်အမြင့်ကို အသာလေးမြောက်နိုင်တယ်။ စစချင်ကန်ဖို့ပြင်ဆင်တဲ့ချိန်မှာ နောက်ဆုတ်သွာတားလေးက ချစ်ဖို့ကောင်းလို့ ပရိသတ်ကြီး ထပ်ခါပြန်ကြည့်မိမယ်ထင်ပါတယ်။ ပျော်သွားတာလေးကလဲ ချစ်စရာလေးပါပဲ။ 

Source : Dj Soda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။