မမြင်ရတဲ့ ရုပ်နာမ်တွေ တကယ်ရှိပါသလား ?

ထိုကိစ္စနဲ့ပါတ်သတ်ပြီး Online သုံးတဲ့သူတွေကြားထဲ သဘောထားအမျိုးမျိုးကွဲလွဲနေတဲ့

Video File တစ်ခု တက်လာခဲ့ပါတယ် ။ Video ထဲမှာတော့ မျက်ထောင့်တွေနီနေတဲ့

လူငယ်တစ်ဦးကို ဘုန်းကြီးများနှင့် အခြားလူများက ပရိတ်ရေများဖြန်းပြီး ဝိုင်းဝန်းဖမ်းချုပ်နေတာကိုမြင်တွေ့ရပါတယ် ။

ညက ဘုန်းကြီးကျောင်းမှာ ၁၀ နာရီလောက်က သရဲဝင်ပူးတာပါ.....

အဖြစ်ကတော့ သူနေထိုင်တဲ့ ကုုက္ကိုပင်ကြီးကို ကျင်ငယ်စွန့်သွားလို့ပါတဲ့ဗျာ....

ကုက္ကိုပင်ကြီး တည်နေရာ-စိုက်ပျိုးကျောင်းဘောလုံးကွင်းနားက အနောက်ကုက္ကိုပင်ကြီးပါ....ပအို့ကျောင်းသားနှစ်ယောက်က လုပ်တာဆိုပြီ ဝေယျာဝစ္စက ကောင်းလေးကိုဝင်ပူပြီ လာရှာတာပါ.... ညနေက ဘောလုံးသွားကန်အပြန်မှာပါလာတာ....ကြည့်ကြည့်ကြောက်စရာကောင်းသလို့ ထိန်းမနိုင်သိမ်းမနိုင်ဘဲ....၁ဝယောက်လောက်ထိန်းတာတောင်မနိုင် ၁၂ နာရီလောက်ကျမှ ဆွဲထုတ်နိုင်တယ်....သင်ခန်းစာတစ်ခုပါဗျာ သွားသတိ လာသတိထားနိင်ကြပါစေလို့ Video File တင်သူကဆိုပါတယ် ။ ကြည့်တဲ့သူတွေထဲက သရဲပူးတာမဖြစ်နိုင် ။ ဆေးသုံးထားလို့ပါ ဆိုတဲ့ ဝေဖန်မှုတွေတွေ့ရသလို သရဲတကယ်ရှိတယ် ။ တကယ်ဝင်ပူးတာပါလို့ ဆိုသူတွေကဆိုပါတယ် ။ ပရိတ်သတ်ကြီးရော ဘယ်လိုမြင်ပါသလဲ ?

Source : Kyaw Wunna Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။