ဒီကလေးမလေးရဲ့နာမည်ကတော့ Afsheen Kumber ဖြစ်ပြီး သူမဟာ ပါကစ္စတန်နိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ ကလေးမလေးတစ်ဦးပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သူမရဲ့အသက်ဟာ ၁၁ နှစ်ရှိပြီဖြစ်ပြီး အင်မတန်ခံစားရခက်တဲ့ ဝေဒနာတွေကိုခံစားရပြီး အသက်ရှင်နေထိုင်နေရတာပဲဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုရင် ဒီကလေးမလေးဟာ အခြားသောလူကောင်းတွေလို မဟုတ်ဘဲ သူမရဲ့ပုံမှန်မဟုတ်တဲ့ ကြွက်သားတွေကြောင့် သူမရဲ့ဖက်ဟာ ကျိုးနေခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် သူမဟာ မွေးဖွားလာတုန်းကတော့ လူကောင်းပကတိမိန်းကလေးတစ်ဦးပါပဲ သူမရဲ့အသက် ၈ လလောက်အရွယ်ရောက်တဲ့အခါမှာ သူမဟာ အိမ်အပြင်ဘက်မှာကစားနေစဉ် ဆိုးဆိုးရွားရွားပြုတ်ကျမှုတစ်ခုဖြစ်ခဲ့ပြီး သူမရဲ့ဇက်ဟာ ကျိုးသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီအခြေအနေကြီးက သူမအသက်ရှင်နေထိုင်တဲ့နေရာမှာ အရမ်းကိုအခက်တွေ့စေသလို စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ကျဆင်းစေပါတယ်။

သို့ပေမယ့် ဒီကလေးမလေးကိုတော့ ခံစားရခက်လှတဲ့ ဒီအခြေအနေကြီးကို လုံးဝလက်မြှောက်အရှုံးပေးခဲ့ခြင်းမရှိဘဲ ကြံ့ကြံခံရင်ဆိုင်လာခဲ့တာဟာ အခုဆိုရင် ဆယ်နှစ်ကျော်တဲ့ အချိန်ကလာတစ်ခုကို ရောက်ရှိနေခဲ့ပီပဲဖြစ်ပါတယ်။

သူမရဲ့ မိသားစုကလည်း ငွေကြေးမတတ်နိုင်တာကြောင့် ဆရာဝန်ကောင်းကောင်းနဲ့ မပြနိုင်တာကြောင့် ဒီကလေးမလေးဟာ ဒီအခြေအနေဆိုးကြီးထဲကနေ လုံးဝပြန်ကောင်းနိုင်ဖို့ လမ်းစမရှိနေခဲ့ပါဘူး။

ဒါ့ကြောင့် သူမရဲ့နောက်ထပ်ရှင်သန်နေရတဲ့ နေ့ရက်လေးတွေက လှပစေနိုင်ဖို့အတွက် ပရိသတ်တွေရဲ့ share လေးတချက်နဲ့ ကူညီပေးခဲ့ကြပါဦးနော်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။