ယနေ့ခေတ် ဆယ်ကျော်သက်တွေကြားမှာတော့ ချစ်သူရည်းစားတွေနဲ့ အချစ်နယ်ကျွန်ပြီး ကလေးတွေရလာတဲ့အခါကြရင်တော့ မလုပ်သင့်တဲ့လုပ်ရပ်တွေကို လုပ်လာကြတာတွေ့ရပါတယ်။

မိန်းကလေးတွေဆိုရင်လည်း ကလေးရလာတဲ့အခါမှာ ဖျက်ချပစ်တာမျိုးတွေ နောက်ဆုံးမွေးဖွားပြီးတဲ့အခါမှာ စွန့်ပစ်တာမျိုးတွေ လုပ်လာကြတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံအတွင်းမှာဆိုရင်လည်း အသက် ၁၈ နှစ်အရွယ်မိန်းကလေးတစ်ဦးဟာ သူမရဲ့မွေးကင်းစ ကလေးငယ်လေးကို အမှိုက်ပုံးထဲကို စွန့်ပစ်ခဲ့တယ်လို့သိရပါတယ်။

သူမဟာ ဒီကလေးကို ချစ်သူရည်းစားနဲ့ အချစ်နယ်ကျွံရာကနေ ရရှိလာခဲ့တာဖြစ်ပြီး သွေးစစ်ဖို့ဆေးခန်းသွားတဲ့အချိန်မှာ ဆေးခန်းက အိမ်သာထဲမှာ ဒီကလေးကိုမွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့အချိန်မှာတော့ ၎င်းမိန်းကလေးဟာ ကလေးရဲ့အချင်းကြိုးကို သူမမှာပါလာတဲ့ ဓါးနဲ့ဖြတ်ကာ အိမ်သာထဲကို ပစ်ချခဲ့ပြီး ကလေးငယ်လေးကိုတော့ ပလတ်စတစ် အိတ်နဲ့ ထုတ်ပြီး ယူလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကလေးငယ်လေးကို အမှိုက်ပုံးတစ်ခုထဲမှာ သွားရောက်စွန့်ပစ်ခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာဆိုရင်တော့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ စီစီတီဗွီကနေ ခြေရာခံပြီး သူမကို ဖမ်းဆီးခဲ့ပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် လူသတ်မှုနဲ တရားစွဲဆိုထားသလို သူမရဲ့လုပ်ရက်နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကိုချမှတ်သွားမယ်လို့သိရပါတယ်။

source -  Thiavisa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။