အကယ်ဒမီများဆုရှင် မင်းသမီးဖွေးဖွေးကို အားလုံးပဲသိကြမှာပါ...။ ဖွေးဖွေးဟာ စိတ်ထားဖြူစင်ပြီး၊ သရုပ်ဆောင်ကောင်းမှုတွေကြာင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို လက်ခံရရှိထားတာဖြစ်ပါတယ်...။ ဖွေးဖွေးဟာ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်မှန်သမျှကို ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တာပါနော်..။ ဖွေးစိန်လေးက ဖက်ရှင်အလန်းစားလေးတွေကို ဝတ်ဆင်လေ့ရှိပြီး အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိလှပနေတာပဲဖြစ်ပါတယ်..။ ဖွေးဖွေးဟာ မြန်မာဝတ်စုံလေးတွေကိုလည်း ရိုးယဉ်စွာ ဝတ်ဆင်လေ့ရှိတာပါနော်..။

ဖွေးဖွေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို အများအပြားရိုက်ကူးထားတာဖြစ်ပါတယ်...။ အသစ်သစ်သော ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးထားပြီး သူမရဲ့ အနုပညာအပေါ်ထားတဲ့ စိတ်ထားလေးကို အားလုံက လေးစားဖွယ် အားပေးကြရမှာပါနော်...။ ဖွေးစိန်ဟာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေလည်းထွက်လေ့ရှိပြီး အမှတ်တရဓာတ်ပုံတွေကိုလည်း ရိုက်ကူးခဲ့တာပါ..။

ဖွေးစိန်လေးက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook နှင့် Instagram စာမျက်နှာတို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေေးလ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "KBZ Pay Media Experience" ပွဲလေးသို့တက်ရောက်ခဲ့ပြီး "ဖွေးတို့ဘဝမှာ မိသားစုရယ်၊ မိတ်ဆွေသူငယ်ချင်းတွေရယ်ဆိုတာ အရမ်းကို အရေးပါတဲ့သူတွေပါ။ ဒီတော့ ကိုယ့် အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုကို ဖန်တီးယူဆောင်လာပေးနိုင်တဲ့ သူတို့တွေအားလုံးနဲ့ အမြဲ ထိတွေ့ဆက်သွယ်နေသင့် တယ်နော်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ၊ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကြားမှာ ချိတ်ဆက်ပေါင်းစည်းပေးတဲ့ KBZPay ရဲ့ campaign မှာ ပါဝင်ပြီး KBZPay နဲ့ အလုပ်လုပ်ခွင့်ရတဲ့အတွက် ရလို့ ဖွေးအနေနဲ့ ဂုဏ်ယူမိပါတယ်။ ဖွေး သရုပ်ဆောင်ထားတဲ့ KBZPay နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းဗီဒီယိုကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်လွှင့်ပြသသွားမှာဖြစ်တဲ့အတွက် ဖွေးရဲ့ Darlings တွေ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး နော်..." ဆိုတဲ့ status လေးနဲ့ တကွ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားတာပါ...။ Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Phway Phway  

Photo Credit Ko Nay Min Tun (Amazing Grace)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။