ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ သူမဝါသနာပါတဲ့အနုပညာအလုပ်ကိုကြိုးစားတဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်း သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကိုသဘောကျနှစ်ခြိုက်ကြတဲ့အပြင် အနုပညာနယ်ပယ်မှာအကယ်ဒမီဆုရရှိထားတဲ့ ရွှေမင်းသမီးလေးတစ်ဦးပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့ချစ်ခင်ပွန်းဒါရိုက်တာဏကြီးကလည်း အရည်အသွေးပြည့်ဝတဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလက်ခံအားပေးကြပါတယ်နော်။

ပိုင်ဖြိုးသုနဲ့ဏကြီးတို့ဇနီးမောင်နှံကတော့ ဝါသနာတူ အကျင့်တူကြလို့ ရှေ့သွားနောက်လိုက်ညီပြီး အရမ်းကြည်နူးဖို့ကောင်းတဲ့စုံတွဲလေးပါ။ဇနီးမောင်နှံနှစ်ယောက်က အပြန်အလှန်နားလည်မှုတွေ ကူညီဖေးမမှုတွေကို ထားရှိကြလို့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးပါပဲနော်။ပရိသတ်တွေကတော့ ပိုင်ဖြိုးသုနဲ့ဏကြီးတို့ရဲ့ အိမ်ထောင်ရေးချစ်ခရီးလမ်းလေးကိုချီးကျူးကြပြီး ချစ်ခင်အားကျနေကြတာပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်း နှစ်ယောက်သားလက်ချင်းချိတ်ပြီးတက်ရောက်လာကြတာကို ပရိသတ်ကြီးလည်းတွေ့မြင်ရမှာပါနော်။အခုဆိုရင်တော့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက မိုးအေးအေးလေးနဲ့ရုပ်ရှင်သွားကြည့်ကြပြီး ချစ်ဇနီးလေးသုသုကတော့"ခေတ်မီအောင်လို့ မိုးထဲ‌လေထဲ အိမ်ကအိမ်ဦးနတ်ကြီးနဲ့ ဒဏ္ဍာရီသွားမိုး ပစ်လိုက်တယ်"ဆိုကာ အိမ်ဦနတ်ရဲ့ပုခုံးလေးကိုမှီပြီး ရုပ်ရှင်ကြည့်နေကြတဲ့ပုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Paing Phyo Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။