ယနေ့အချိန်ထိ အနုပညာလောကမှာ လင်းလက်တောက်ပနေတဲ့ကြယ်ပွင့်လေးလို အောင်မြင်မှုတွေအများအပြားရရှိနေတဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့ဝါရင့်မင်းသမီးတစ်လက်ပါနော်။အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကလည်း ၁၀စုနှစ်လောက်ရှိနေပြီဖြစ်လို့ သူမရဲ့အိုင်တင်တွေကတော့ အပြစ်ပြောစရာတစ်ကွက်မှမရှိတာကြောင့် ပရိသတ်တွေကလည်း အခုထိ ခိုင်ခိုင်မာမာနဲ့ရပ်တည်အားပေးနေကြတာပါ။

အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့ရဲ့အိမ်ထောင်ရေးလေးကလည်း ကြည်နူးပျော်ရွှင်ဖွယ်ကောင်းပြီး သားသမီးနှစ်ယောက်နဲ့ သာယာစိုပြေလှတဲ့မိသားစုလေးပါပဲနော်။ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် နားလည်မှုတွေအပြန်အလှန်ထားရှိကာ အလုပ်ကိစ္စဆိုလည်း အချင်းချင်းကူညီဖေးမကြပါတယ်။ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးကလည်း ပရိသတ်တွေရဲ့ ချစ်မေတ္တာတွေကိုရရှိထားတာကြောင့် ဇနီးမောင်နှံနှစ်ယောက်ရဲ့အောင်မြင်မှုတွေကတော့ အံ့မခန်းပါပဲနော်။

ပရိသတ်တွေရဲ့အချစ်တော် အိန္ဒြာကျော်ဇင်ကတော့ အသက်အရွယ်တစ်ခုကိုရောက်ရှိလာပြီး ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် နုပျိုလန်းဆန်းမှုတွေကတော့ကျန်ရစ်နေဆဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ အိန္ဒြာကျော်ဇင်ရဲ့ မအိုတဲ့အလှအပတွေကို ချီးကျူးပြီး အားကျနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အရင်ခေတ်ကဒီဇိုင်းလေးနဲ့ ရိုးယဉ်ပြီး ကျက်သရေရှိစွာလှပနေတဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Eainnies Of Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။