ပရိသတ်ကြီးရေ ၀ါရင့်ရုပ်ရှင်မင်းသားကြီး ဇင်ဝိုင်းပြောတဲ့ သူကိုယ်တွေ့ဖြစ်ရပ်သရဲအကြောင်းကိုတော့ ဖတ်သာကြည့်ကြတော့နော်။ 

တစ်ချိန်လုံးစိတ်ပျက်စရာတွေချည်းရေးနေရလို့ မိတ်ဆွေများကို အပြောင်းအလဲလေး ဖြစ်အောင်ပေါ့ပေါ့ပါးပါး အကြောင်း အရာလေး တစ်ခုပြောပြချင်ပါတယ်။ ဒီဇာတ် လမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ၁၉၈ဝ တစ်ဝိုက်ဆီကပါ။

အဲဒီအချိန်တုန်းက ပြင်ဦးလွင်(ခေါ်)မေမြို့မှာ ယနေ့ခေတ်လိုဟိုတယ်၊ တည်းခို ခန်းတွေအခုလို များစွာ မရှိကြသေးပါဘူး ။ ရှားရှားပါးပါး နန်းမြိုင်တစ်ခုလောက်ပဲရှိပါသေးတယ်။အဲဒီတော့ ကျွန်တော်တို့ရုပ်ရှင်သမားတွေ မေမြို့ တက်ပြီးကားရိုက် ကြပြီဆိုရင် ဘုန်းကြီးေ ကျာင်းြ ဖစ်ဖြစ်၊လုံးချင်းအိမ်ပဲဖြစ်ဖြစ်ငှားရမ်းတည်းခိုကြရတာပေါ့။ အခုပြောမယ့် ဧည့်ဂေဟာ(၃) လည်း အပါအဝင်ပေါ့ခင်ဗျာ။

ဒီနေရာမှာ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဧည့်ဂေဟာ(၃)နဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ အင်္ဂလိပ်ကို လိုနီခေတ်ရဲ့ လက်ကျန်အ ဆောက် အအုံဖြစ် သလို ဗိသုကာလက်ရာကလည်းအထူးခံ့ညားထည်ဝါပါတယ်။ သူ့ရဲ့အ ထူးခြားဆုံးအချက်ကတော့၊ သရဲအလွန်ခြောက်တယ်လို့ နာမည်ကြီး ခြင်းပါပဲ။

အပေါ်ထပ် တက်တဲ့ လှေကားလက်ရန်းတစ်လျှောက် အရင်ဒရဝမ် ဂေါ်ရခါးလူမျိုးက သရဲအခြောက်ခံရလို့ဓားနဲ့လိုက် ခုတ်ထားတဲ့ဓားရာတွေ၊ အပေါ် ထပ်လှေကား ထိပ် အခန်း(၁) တံခါးမှာလည်း တပ်မတော်အရာရှိကြီးတစ်ဦးတည်းခိုစဉ် တံခါးလာခေါက်လို့ဖွင့်အကြည့် ကိုယ့် ဦးခေါင်းကို လက်ထဲကိုင်ထားတဲ့ သရဲနဲ့တွေ့လို့သေနတ်နဲ့ ပစ်ထားတဲ့ ကျည်ဆန် ရာတွေကလည်း အထင်အရှားပါပဲ။

မေမြို့က လူတွေကလည်း သရဲအကြောင်းဆိုအတော့်ကို မြိန်ရေရှက်ရေပြောတတ်ကြပါတယ်။ ကျွန်တော်ငယ်စဉ်ဘဝ မေမြို့ရောက်ပြီဆိုရင် ညဘက် မီးလင်း ဖို ရှေ့၊ နေကြာစေ့ထိုင်ဝါးရင်း၊ အစ်မဖြစ်သူတွေက သရဲပုံပြင်တွေကိုတစ်ညတစ် မျိုးပြောပြတတ်ပါတယ်။

အခုပြောတဲ့ဧည့်ဂေဟာ (၃) အပါအ ဝင်ပေါ့ခင်ဗျာ။ ” ငွေစန္ဒာက စားသမား” ဆိုတဲ့ဇာတ်ကားကို ကျွန်တော့် ဆရာဦးတ င်ဦးမေမြို့တက်ရိုက်တော့ အဲဒီနာမည်ကြီး ဧည့် ဂေဟာ(၃) မှာ ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့တည်းခိုရပါတယ်။ ပါ ဝင်ကြတဲ့ သရုပ်ဆောင်တွေက နေအောင်၊ စောမြသန္တာ၊ ဟန်တင်နဲ့ —တို့ပါ။

ကျွန်တော်ကတော့ကင်မရာ နောက်ကွယ်မှာကလက်ရိုက်၊ မှတ်တမ်းရေး၊ ဇာတ်ညွှန်း၊ လက်ေ ထာက် ဒါရိုက်တာစသဖြင့် အလုပ်စုံတဲ့ အသုပ်စုံဘဝနဲ့ ကင်မရာရှေ့ကို ရောက်အောင် ကြိုးစားနေဆဲအချိန်ပေါ့ခင်ဗျာ။

ကျွန်တော်တို့ ဒါရိုက်တာအဖွဲ့က အပေါ်ထပ်နာမည်ကြီး အခန်း(၁) မှာ အိပ်ကြပါတယ်။ ပုံထဲကစုလစ်မွမ်းချွန်အောက် တည့်တည့်ကအခန်းပေါ့။ ဆရာ မောင်တင်ဦးကို အဲ ဒီစုလစ်မွမ်း ချွန်အောက်တည့်တည့်မှာ ခုတင်နဲ့ပြင်ဆင်ပေးပြီး ကျန် တဲ့သူတွေကကြမ်းပေါ်မှာပဲ အိပ်ရာလိပ်ကိုယ်စီနဲ့ တန်းစီအိပ်ကြပါတယ်။

ကျွန်တော်မှတ်မိသမျှ၊ ဦး တင်ဦး၊ အကယ်ဒမီချစ်မင်း လူ၊ဟန်တင်၊ စတေကင်မရာမင်းန်ကိုမြသန်းထွန်း၊ ကိုကြည်လှိုင်၊ ကိုမြတ်ထွန်း၊ ကိုဆန်းတင့် ပြီးတော့ကျွန်တော်ရယ်၊ ကျွန် တော်နဲ့ အတူပါ လာတဲ့ နောင် တစ်ချိန် ဒါရိုက်တာဖြစ်လာတဲ့ ကဗျာဆရာပိုင်သတို့ပါ။ တလောကကွယ်လွန်သွားတဲ့ ရှုတင်ထမင်းကျွေးတဲ့ ကိုသိန်း ဝင်းက အဲဒီတုန်းက ညစောင့် ဘဝပဲ ရှိ ပါသေးတယ်။

မေမြို့မိုးကလည်း တဖွဲဖွဲနဲ့ မို့ out door ခေါ်တဲ့ အပြင်အခန်းတွေက ရိုက်မရ၊ အိမ်ကြီးထဲ ပဲ လှည့်ပတ်ရိုက်၊ တွက်ခြေ က မကိုက်၊ ကံကောင်းတာတစ်ခုက ဒီလောက် ရက်ကြာလာပေမယ့် နာမည်သိပ်ကြီးတဲ့သရဲက မခြောက်တာပါပဲ။ တစ် ခုတော့ ရှိပါတယ်။

မရိုသေ့စကား ကျွန် တော်ရေအိမ်မှာဆီးသွားတဲ့အခါများမှာပါပဲ။ ရေချိုးခန်းရဲ့ မျက်နှာကြက်ကနေ ကြိုးတန်းလန်း နဲ့ (၆ဝ)ဝပ်မီးတစ်လုံးက တွဲလောင်း ရှိနေပါတယ်။ ကျွန် တော် မတ်တတ်ရပ်ဆီးသွားရင် မီးလုံးကိုကျောပေးလျက်ဆိုပါ တော့ ဒီအခါ မျိုးမှာ ကျွန်တော့် ရှေ့နံရံမှာပေါ်နေတဲ့ ကျွန်တော့် အရိပ်ကဘယ်ညာလွဲ နေပါတယ်။

နောက်ကမီးလုံးကို လှည့် ကြည့်တော့လည်းသူကခပ်တည်တည်ငြိမ်လို့၊ ရုပ်ရှင် သမားပီပီ အသောက်အစားလေး ဖက် လာပြီဖြစ်တဲ့ ကျွန်တော်ကလည်း ငါများ ရေချိန်လွန်လို့ ယိမ်းနေသလားလို့ သတိထား ပြန်တော့လည်း မဟုတ်ပြန်၊ ဒီတော့ မီးလုံး က လည်း မလွဲ၊ ကျွန်တော်ကလည်း မတ်မတ် ရပ်နေပါလျက်နဲ့ နံရံပေါ်က အရိပ်ကတော့ဘယ်ညာဟန် ချက်ညီညီကြီးကိုယိမ်းလို့။

ဒါကျွန်တော်ညဘက်ဆီးသွား တိုင်းဖြစ်နေ ကျပါပဲ။ တခြားလူတွေကို ပြောပြတော့လည်း မင်းဟာ မင်းမူးနေတာ ငါတို့ကို လာခြောက်မနေနဲ့တဲ့။

ဒီလိုနဲ့ဆိုပါစို့ရဲ့။ ရန်ကုန်က —ရောက်လာတဲ့နေ့၊ မိုးကလည်း တိတ်ပြီး နေလေးကသာလို့၊ ဒီလိုနဲ့အဲဒီနေ့က BT. Brother ရေကူးကန်မှာ စရိုက်ကြပါတယ်။ အဲဒီအချိန်က —ကလည်း အလှဆုံးအချိန်၊ ရုပ်ရည်၊ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက်တစ်ခုမှ ပြောစရာမရှိ စင်းလုံးချော။ အဲ..ရေကူးဝတ်စုံနဲ့ဆိုတော့ ပို၍ ပို၍ပေါ့ခင်ဗျာ။

အဲလို ရေကူးဝတ်စုံနဲ့ —ကို ကျွန်တော်တို့ခေါ်တော့ တစ်ထောင်အားနဲ့ဝိုင်းအားပေးလိုက်ကြတာ ခမျာမှာပတ်ထားတဲ့ တဘက်တောင် မချွတ်ရဲအောင်ပါပဲ။ ဒါတော့ စတေ ကင်မရာမင်းန် ကိုမြသန်းထွန်းက ပိုစတာအတွက်ဆိုပြီး ရေကူး ဝတ်စုံနဲ့ ပို့စ်မျိုးစုံလုပ်ခိုင်းပြီး ကင်မရာတစ်ချိန်ချိန်နဲ့ပေါ့။

ကဲ..စာလည်း ရှည်လှပေါ့။ အဓိကဇာတ်လမ်းက အခု မှစပါတော့မယ်။ အဲဒီနေ့ရိုက် ကွင်းသိမ်းလို့အိမ်ရှေ့က ပန်းခြံထဲ လမ်းလျှောက် နေတဲ့—ကို ဒါရိုက်တာ ဆရာ ဦးတင်ဦးက ညည်းအဲဒီအလံတိုင်ကို သုံးခေါက်ပတ်ပြီး “ငါဘယ်သူ့မှ မေ ကြာက်ဘူးဟေ့” လို့ အော်ရဲရင် ညကျ စတော် ယ်ရီဖျော်ရည်တိုက်မယ်လို့ လှမ်းစပါရော။ အံမယ် —ကလည်း အာဂဗျို့ အလံတိုင်တင်မက အိမ်ကိုပါသုံးပတ်ပတ်ပြီး “ငါဘယ်သူမှ မကြောက်ဘူးဟေ့” လို့ ဆိုပြီး အော်လေသဗျ။

ဒီလိုနဲ့ ညဘက်ရောက်လို့ ဆရာဦးတင်ဦးနဲ့ ကျွန်တော်တို့ နောက်နေ့ ရိုက်ကူးရေးအတွက် ဆွေးနွေးနေကြတုန်း မိန်းမေ တွနေကြတဲ့အခန်းက အော်သံ ဟစ် သံတွေ ဝုန်း ဒိုင်းကြဲပေါ် ထွက်လာပါတယ်။ ကျွန်တော်တို့ လည်း ပထမတော့ ကြော င်နေ ကြတာပေါ့။

နောက်မှ ဦးတင်ဦးက ” ဟေ့ကောင် မောင်ဌေး ဘယ် သူတွေ ရန်ဖြစ်နေကြ တာ လဲသွားကြည့်စမ်းလို့” အငယ်ဆုံးဖြစ်တဲ့ ကျွန်တော့်ကို ခိုင်းပါတော့တယ်။ ကျွန်တော်လည်း အပေါ်ထပ်မှာပဲရှိတဲ့ မိန်းမများနေတဲ့ အခန်းကိုပြေး တံခါးကို တွန်း ဖွင့်ကြည့် လိုက် တော့..လား..လား၊ —တစ်ယောက်တစ်ကိုယ်လုံး အဝတ်တစ်စမကပ်ဘဲ ခုန်ပေါက်ရင်း ပါးစပ်ကလည်း ငါ့ကိုစမ်းကြတယ်။

ငါ့ကို စမ်းကြတယ်နဲ့ အော်နေပါတယ်။ ဒါ ကိုအထက် ဂိုဏ်းလိုက်တဲ့ အမေ ဒေါ်မေနွဲ့က—ဆံပင်ကိုဘယ်လက်နဲ့ဆွဲ၊ ညာလက်ကပါးကို ဖြန်းခနဲရိုက်ပြီး ” နင်ဘယ်သူလဲ ခုထွက်စမ်း ခုထွက်စမ်း” နဲ့အော်နေ တာ ကို တွေ့ရပါတယ်။

ကျွန်တော်လည်း အခန်းကို အမြန်ပြန်ပြေးရင်း တံခါးဝကရပ်ပြီး ” ဟိုမှာ —ကိုယ်လုံးတီးကြီးနဲ့ တစ္ဆေ” လို့ပြောတာ ကျွန်ေ တာ့်စကားတောင် မဆုံးလိုက်ရ ပါဘူး။ ကျွန်တော့် ကိုပါတွန်းထိုးလို့အလုအယက် တိုးဝှေ့ထွက်သွားတာ ကျွန်ေ တာ်မှာဖ င်ထိုင် လဲကျန်ခဲ့ပါတော့တယ်။

သူတို့တွေ မိန်းမတွေအခန်း ဝကနေစုပြုံတိုးဝှေ့ကြည့် နေလေတော့ အမေဒေါ်မေနွဲ့ က ” သရဲကတစ်မှောင့်၊ဒီနှာဘူးတွေ က တစ်မှောင့် နင်တို့ကိုပါပါးချလိုက်ရမလား” ဆိုပြီးအခန်း တံခါးကိုပိတ်လိုက်ပါတော့ တယ်။

ဇာတ်ပေါင်းတော့ —တစ်ယောက်ညတွင်းချင်းပဲ မြို့ထဲက သူ့မိတ်ဆွေအိမ်ကိုပြောင်း သွားပါတော့တယ်။ မနက်ထမင်းေ ကြာ်စားရင်း ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဓာတ်ပုံမြ သန်းထွန်းက တမ်းတမ်းတတလွမ်းလွမ်းဆွေးဆွေးကြီးကို ပြောရှာပါရဲ့။ ” —ပြောင်းသွားတာ မှားတယ်ကွ။ မင်းတို့ဝိုင်းတားရမှာ။ အမှန်ဆိုသူဒီမှာပဲနေပြီး ညတိုင်း သရဲ ပူးနေရမှာကွ၊ နာတယ် ကွာတောက်” တဲ့ ခင်ဗျာ။

(စာကြွင်း) ဒီအိမ်ကြီးကို နောက်ပိုင်းမှာ သဇင်မြိုင်ဟိုတယ်ဆိုပြီး ဖွင့်ပါတယ်။ သိပ်မကြာခင်ပဲ ပြန်ပိတ်သွားပါတယ်။

သတင်းအရင်းမြစ် ဇင်ဝိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။