ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ယောက်အဖြစ်ယနေ့ထက်ထိရပ်တည်နေတဲ့သူကတော့ အဆိုတော်ယုန်လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းများဟာ လူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ယုန်လေးဟာ သီချင်းတိုင်းကိုကိုယ်ပိုင်ဖန်တီးရေးသားသီဆိုရုံသာမကပဲ အခြားသူများအတွက်လည်း သီချင်းများစွာကို ရေးစပ်သီကုံးပေးသူတစ်ယောက်ပါ။ 

ယုန်လေးဟာ ဂီတဘက်တွင်သာမဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကားကြီးများကိုပါ ဒါရိုက်တာအဖြစ်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကားတိုင်းဟာလည်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုရရှိထားတာပါ။ လတ်တလောမှာလည်း သရုပ်ဆောင် မြင့်မြတ်၊ Kညီတို့နဲ့အတူ မာဖီးယားမြို့တော်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ 

သူ့ရဲ့လူမှုကွန်ယက်တွင်လည်း မနေ့ညကဝမ်းသာစရာသတင်းတစ်ခုဝေမျှထားတာပါ။ ဒါကတော့ " MC ကနေ ဦးဇော်ကြီး သတင်းကြားပြီး စိတ်မကောင်းတာနဲ့

MAFIA City မှာ ပါဝင်သရုပ်ဆောင်ဖို့ ခေါ်ခဲ့ပြီး

မြင့်မြတ် ယုန်လေး Kညီ ဘိုချမ်း စောကျော် လပြည့်တို့

MAFIA City အဖွဲ့သားများမှာ ၅သိန်း

ရွှေလီ မှ မိန်းမိန်း မှ ၃သိန်း

ပေါင်း ၈သိန်း ကူခဲ့ပါသည် ။

အားလုံး Peace . " ဆိုပြီးဝေမျှထားတာပါ။ ပရိသတ်တွေလည်း ထပ်တူထပ်မျှကြည်နူးပီတိဖြစ်စေရန် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo- Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။