ဘောလုံးအားကစားနည်းဟာကမ္ဘာကျော်အားကစားနည်းတစ်ခုဖြစ်ပြီး ပရိသတ်အားပေးမှုအများဆုံးကစားနည်းလည်းဖြစ်ပါတယ်။ကစားသမားတွေလည်းရူးသွပ်စွာကစားကြသလိုပရိသတ်တွေပါကစားကြတဲ့ကစားနည်းဖြစ်ပါတယ်။ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာအဆင့်မှီအားကစားကွင်းတွေရှိပြီးကစားကြသလိုဖွံ့ဖြိုးစနိုင်ငံတွေမှာတော့နေရာလွတ်တွေမှာသာကစားရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ဘောလုံးလောကဟာလည်းဖွံ့ဖြိုးစဖြစ်တာကြောင့်အခြေ ခံအားကစားကွင်းတွေကလိုအပ်ချက်တွေရှိနေတာပါ။ဘောလုံးအားကစားကိုရူးသွပ်တဲ့မြန်မာနိုင်ငံသားတွေကတော့ဘောလုံးအားကစားကို နေရာမရွေးပဲကစားနေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာဘောလုံးလောကဟာတဖြည်းဖြည်းနဲ့တိုးတက်အောင်မြင်လာတာဖြစ်ပါတယ်။

ခုမှာလည်း ဘောလုံးကိုရူးသွပ်တဲ့မြန်မာလူမျိုးတွေရဲ့ပုံရိပ်လေးတစ်ခုက ကမ္ဘာကျော်မီဒီယာတွေကတောင်ချီးကျူးဖော်ပြခဲ့ရတာပါ။ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေကလည်းထိုပုံရိပ်လေးအောက်မှာချီးကျူးမှုတွေနဲ့အားပေးနေကြတာပါ။မိုးတွေစိုစွတ်နေတဲ့ကြွေပြားတွေပေါ်မှာ ထိခိုက်မှာမစိုးရိမ်ပဲဘောလုံးကိုရူးသွပ်စွာကစားနေတဲ့ မြန်မာလူမျိုးတွေရဲ့ကမ္ဘာကျော်ပုံရိပ်လေးတစ်ခုကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။