ရာသီသစ်မှာအောင်မြင်မှုတွေရဖို့လူငယ်ကစားသမားသစ်တွေကိုခေါ်ယူပြီးပြင်ဆင်နေတဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာမနေ့ကခြေစမ်းပွဲကစားခဲ့ပါတယ်။မန်ယူအသင်းဟာဒီခြေစမ်းပွဲမှာတော့ကစားသမားအစုံအလင်ကိုလူစားလဲပွဲထုတ်ခဲ့ပြီးပေါ့ဘာလည်းလူစားလည်းပါဝင်ကစားခဲ့ပါတယ်။အသင်းပြောင်းရွေ့ဖို့သတင်းတွေထွက်နေတဲ့ပေါ့ဘာဟာဒီပွဲစဉ်မှာပါဝင်ကစားခဲ့တာကြောင့်မန်ယူအသင်းမှာဆက်ရှိနေမလားဆိုတာကတော့ပရိသတ်တွေစိတ်ဝင်စားခဲ့ပါတယ်။

မန်ယူအသင်းဟာအဆိုပါပွဲစဉ်မှာ Pearth အသင်းကို၂ဂိုးပြတ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာ အသစ်ဝယ်ယူထားတဲ့ Daniel James နဲ့ Bissaka တို့ကိုထည့်သွင်းကစားခဲ့ပြီးပရိသတ်အကြိုက်ခြေစွမ်းပြသွားခဲ့တာပါ။Daniel James ကတော့မန်ယူအသင်းကိုဂိုးတွေရအောင်ဖန်တီးပေးနိုင်ပြီးပရိသတ်အချစ်အားကိုးရတဲ့ကစားသမားဖြစ်နေရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကရလဒ်တွေဆိုးရွားခဲ့ပြီးချန်ပီယံလိဒ်ဝင်ခွင့်ကိုပါဆုံးရှုံးထားတာဖြစ်ပါတယ်။ဒါကြောင့်လူငယ်ခြေတက်တွေကိုတန်ကြေးမြှင့်ဝယ်ယူထားပြီးဆက်လက်ပြီးလည်းခေါ်ယူဖို့ရှိနေတာပါ။ခုခေါ်ထားတဲ့ကစားသမားတွေကလည်းခြေစွမ်းပြနေတာကြောင့်ရာသီသစ်အတွက်တော့မန်ယူအသင်းခြေစွမ်းတွေဟာပရိသတ်အကြိုက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

source:google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။