ပရိသတ်ကြီးရေတခေတ်တခါက နာမည်ကြီးသရုပ်ဆောင်များစွာထဲကမှ ယောကျာၤးပီသပြီး ခန့်ငြားတည်ကြည်တဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားကြီးဦးကျော်သူကို အားလုံးပဲသိကြမယ်ထင်ပါတယ်။ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေသူ ဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ပရဟိတမင်းသားကြီး တစ်ဦးလို့တောင် ပရိသတ်တွေ သတ်မှတ်ထားတဲ့ ဦးကျော်သူက ပရဟိတ လုပ်တယ်ဆိုတာ လူတိုင်းလုပ်လို့ရတာ မဟုတ်တဲ့အကြောင်းပြောလာပါတယ်။ 

ဒီလို အလုပ်မျိုးဟာ စိတ်နေစိတ်ထား ဖြူစင်မှသာ လုပ်လို့ရနိုင်တယ်လို့ ဆိုပါတယ်။"ပရဟိတဆိုတဲ့ ပေးဆပ်မှုအလုပ်အပေါ်ဘယ်လောက်ပဲတော်တော်၊ဘယ်လောက်ပဲတတ်တတ် ကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် အများသူတကာနားနေတဲ့ အဆောင်လေးထဲမှာ မူးရူးပြီး အပေါ့သွား၊အလေးစွန့်၊နယ်မြေကျူးပြီးဝင်ရောက်အိပ်၊ဆဲဆိုတိုင်းတာမှု တွေလုပ်တတ်တဲ့သူတွေကို ပရဟိတသမားလို့ခေါ်ဆိုလို့ရသလား? ကျွန်တော်သိတဲ့ ပရဟိတအလုပ်ဆိုတာ အင်မတန်သန့်ရှင်းဖြူစင်သီလလုံခြုံစွာဖြင့် ကိုယ်ချင်းစာနာစိတ်ထားပြီး ကူညီဖေးမလုပ်ပေးရတဲ့ ဘုရားသခင်တွေလုပ်ခဲ့တဲ့အလုပ်ဗျ။ (ကျော်သူ)’’ ဆိုပြီးတော့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။လေးစားစရာကောင်းလှတဲ့ ဦးကျော်သူရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကို Myanmarload ချစ်ပရိသတ်ကြီး သိရှိနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source-U Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။