အနုပညာရှင်တိုင်းအားကျရတဲ့ ဇနီးမောင်နှံအတွဲလေးကတော့ ပိုင်ဇေရဲထွန်းတို့ပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ကို အရမ်းကိုချစ်ကြတာပါ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့သားသား၊မီးမီးတို့နဲ့လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုဖန်တီးတည်ဆောက်နေကြတာပါ။ ပိုင်ဇေရဲထွန်းဟာလည်း အနုပညာအလုပ်တွေကိုအနားယူကာ မိသားစုကိုအချိန်ပေးဖြစ်နေတာလည်း ဖြစ်ပါတယ်။

သူတို့မိသားစုလေးကပျော်ရွှင်ကြည်နူးစရာကောင်းတာကြောင့်ကြည့်ရတဲ့သူကိုအမြဲကြည်နူးပီတိဖြစ်စေရတာပါ။ သားသမီးလေးတွေကိုရင်ခွင်ထဲကနေအမြဲစောင့်ရှောက်ထိန်းပေးနေတာကလည်းမိဘတာဝန်ကိုကျေပွန်တဲ့သူတွေအဖြစ်ပရိသတ်တွေချီးကျူးတာကိုခံနေရတာပါ။ ဇနီးချောလေးဖြစ်တဲ့ ဇင်သဲနိုင်ဟာလည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ရုံသာမကပဲ စီးပွားရေးဘက်တွင်လည်း အောင်မြင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ 

သူမဟာ ART & J ဆိုတဲ့ရတနာဆိုင်လေးဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ ဇင်သဲနိုင်ဟာ သူမရဲ့ဆိုင်က ကိုယ်ပိုင်Handmade လက်ရာလေးတွေကို ပြည်ပနိုင်ငံအထိ သွားရောက်ခင်းကျင်းပြသရောငိးချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " Never stop trying ...

Never stop believing...

Never give up...

Your day will come... " ဆိုပြီး ဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက်လည်း ဒီသတင်းလေးကိုဝေမျှပေးလိုက်ပါတယ်နော်။

Photo - Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။