Shawn Mendes နဲ့ Camila Cabello တို့ဟာဆိုရင် ဒီရက်ပိုင်း အချိန်တွေမှာ တပူးပူး တတွဲတွဲရှိနေတာကို ပရိသတ်ကြီးလဲ သိကြမှာပါ။ သူတို့နှစ်ယောက်ရဲ့သီချင်းဖြစ်တဲ့ Senorita သီချင်းထွက်ပြီးနောက်မှာ နှစ်ယောက်ကို အမြဲတမ်းတွဲသွားတွဲလာရှိတာကို တွေ့ရှိရတော့တာဖြစ်ပါတယ်။ အဲ့သီချင်းထွက်ပြီးနောက် သူတို့နှစ်ယောက်လဲ အမြဲတမ်းလိုလို အပြင်တွေတူတူထွက်လေ့ရှိကာ Camila လဲ သူရဲ့ချစ်သူနဲ့လမ်းခွဲခဲ့ပါတယ်။  

ခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေထက် မပိုဘူးဆိုတာကို ထပ်ပြီးငြင်းဆန်လို့မရတော့ပါဘူး။ Camila နဲ့ Shawn တို့ဟာ သောကြာနေ့တုန်းက San Francisco မှာအတူရှိခဲ့ကြပြီး လူမြင်ကွင်းမှာ အကြင်နာတွေ ဖလှယ်ခဲ့ကြပါတယ်။ ဒါဟာသူတို့နှစ်ယောက်အနေနဲ့ ချစ်သူတွေဆိုတာကို အတည်ပြုလိုက်တဲ့ မြင်ကွင်းပါပဲ။ သူငယ်ချင်းတွေအနေနဲ့ ကြင်ကြင်နာနာနမ်းဖို့ဆိုတာ ဘယ်လိုလူတွေပဲဖြစ်ဖြစ် မလွယ်ကူးပါဘူး။ 

အဲ့ချိန်မှာတုန်းက သူတို့နှစ်ယောက်ဟာဆိုရင် စားသောက်ဆိုင်တစ်ဆိုင်မှာရှိနေကြပြီး တစ်ယောက်နဲ့တစ်ယောက် နမ်းနေခဲ့ကြပါတယ်။ ဒါကိုလူတစ်ယောက်က အနောက်ကနေရိုက်ထားကာ Twitter မှာတင်ခဲ့ပါတယ်။ သူ့တိုနှစ်ယောက်ကလဲ ပေါ်ပေါ်ထင်ထင်တွဲသွားတွဲလာလုပ်ပြီး ချစ်သူတွေလို့ဝန်မခံကြတာလဲမသိဘူး။ အဲ့လိုတွေကြောင့်ပဲ သူတို့ကို လူတွေစိတ်ဝင်စားနေကြရတာပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ နှစ်ယောက်ကချစ်သူတွေဖြစ်ဖို့များတယ်ဆိုတာကို ပရိသတ်ကြီးတော်တော်များများသိကြမှာပါ။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။