နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို ဆယ်စုနှစ်ကျော်တိုင်အောင်ဆွဲယူဖမ်းစားထားနိုင်သူကတော့ စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှုအနုပညာတိုင်းကို လူတိုင်းကမချီးကျူးပဲ မနေနိုင်အောင်ကိုဖြစ်ရတာပါ။ သရုပ်ဆောင်၊အဆိုတော်သာဖြစ်ရုံသာမကပဲ ဝတ္ထုများကိုရေးသားတဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ 

စိုင်းစိုင်းဟာ အနုပညာမျိုးရိုးရှိသူမဟုတ်ပဲ ကိုယ့်ဒူးကိုယ်ချွန်ကာ အောင်မြင်မှုရရှိအောင်ကြိုးစားခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့သီချင်းတိုင်းဟာကိုလည်း လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတာပါ။ ဒါ့အပြင် ကိုယ်ပိုင်Production ထောင်ကာ တက်သစ်စအဆိုတော်များကိုလည်း မြေတောင်မြှောက်ပေးသူတစ်ယောက်လည် ဖြစ်ပါတယ်။  

အခုတစ်ခေါက်မှာလည်း သူ့ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံရန် မန္တလေးရွှေမြို့တော်ကြီးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူရဲ့လူမှုကွန်ယက်မှာတော့ အမိုက်စား ကားကြီးကိုထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီကားကြီးဟာ ဇိမ်ခံကားပုံစံမျိုးပဲ ဖြစ်ပြီး ကားထဲမှာ တီဗီပါထည့်သွင်းထားတာပဲဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ရဲ့ Insgtagram myday လေးမှာတော့ ကားပေါ်မှာ ဂိမ်းဆော့ကာအပန်းဖြေနေတဲ့ ဗီဒီယိုလေးကို ဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက်ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Sai Sai Kham Leng 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။