မနေ့က ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ ဆွီဒင်နိုင်အတွင်းမှာ လေယာဉ်ပျက်ကျမှုတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းလေယာဉ်ကတော့ ဆွီဒင်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အူမေမြစ်ပေါ်က ကျွန်းတကျွန်းပေါ်ကို ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။

အခုပျက်ကျခဲ့တဲ့ လေယာဉ်ဟာ လေထီးခုန်သမားတွေအတွက် ထုတ်လုပ်ထားတဲ့ လေယာဉ်ဖြစ်ပြီး ၎င်းလေယာဉ်ပေါ်မှာ အပန်းဖြေလေထီးခုန်ဖို့ လိုက်ပါစီးနင်းလာသူတွေရှိတယ်လို့သိရပါတယ်။

ဒီဖြစ်ရပ်ကြောင့် သေဆုံးသူအနေနဲ့ဆိုရင်လည်း ၉ ယောက်ရှိပြီး အားလုံးဟာဆွီဒင်နိုင်ငံသားတွေ ဖြစ်တယ်လို့သိရပါတယ်။

တာဝန်ရှိသူတွေအနေနဲ့လည်း လက်ရှိအချိန်ထိတော့ သေဆုံးသူတွေရဲ့ နာမည်ကို ထုတ်ပြန်ကြေညာချင်းမရှိသေးပေမယ့် သက်ဆိုင်ရာ မိသားစုဝင်တွေကို အကြောင်းကြားပြီး ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source – The Guardian 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။