ခွေးသားကိုတော့ လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာသာမက မြန်မာနိုင်ငံအတွင်းက လူတွေပါ စားသုံးနေကြတောကို တွေ့ရပါတယ်။

တချို့တွေကတော့ ခွေးသားစားတာကို ကန့်ကွက်ကြသလို ခွေးသားကြိုက်နှစ်သက်သူတွေကလည်း စားသုံးမြဲစားသုံးနေကြတာပဲဖြစ်ပါတယ်။

၎င်းခွေးသားစားတာကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေဟာဆိုရင်လည်း ခနခနဖြစ်ပေါ်နေတာတွေ့ရသလို တောင်ကိုရီးယားနိုင်ငံအတွင်းမှာလည်း ခွေးသားစားတာကို ဆန့်ကျင်တဲ့သူတွေနဲ့ ထောက်ခံတဲ့သူတွေဟာ အပြိုင်အဆိုင် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

၎င်းဆန္ဒပြပွဲအတွင်းမှာတော့ ခွေးသားစားတာကိုထောက်ခံတဲ့ သူတွေဟာ လမ်းမပေါ်မှာ ခွေးသားတွေကို စားပြခဲ့ပြီး ခွေးသားကိုစားရာရနေ ကရှိလာမယ့် အကျိုးကျေးဇူးတွေရေးထားတဲ့ လက်ကမ်းစာစောင်တွေကို ဝေမျှခဲ့တယ်လို့သိရပါတယ်။

ထိုသူတွေထဲက အများစုကတော့ ခွေးတွေကိုမွေးပြီး အသားစားဖို့ပြန်လည်ရောင်းချသူတွေပဲ ဖြစ်ပါတယ်။

ခွေးသားစားတာကိုဆန့်ကျင်တဲ့အဖွဲ့ထဲမှာတော့ အမေရိကန်နိုင်ငံက ရုပ်ရှင်မင်းသမီး ကင်မ်ဘာဆင်းဂါး ပါပါဝင်ခဲ့တာတွေ့ရပြီး ပုံလှီနေတဲ့ ခွေးပုံပိုစတာတွေကိုကိုင်ကာ ခွေးသားစားတာကို ရပ်တန့်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပရိသတ်တွေမြင်တွေ့နိုင်စေဖို့အတွက် ၎င်းဆန္ဒပြပွဲအတွင်းက ပုံရိပ်တွေနဲ့ အခြားသာ ခွေးသားစားနေတဲ့ ပုံရိပ်တချို့ကို မျှဝေပေးလိုက်ရပါတယ်။

Source- The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။