ပရိသတ်ကြီးရေ မင်းသားချောတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ အကယ်ဒမီရမင်းသားတစ်လက်ဖြစ်ပါတယ်နော်။ကျော်ကျော်ဗိုလ်ကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း ရရှိထားတာဖြစ်လို့ အောင်မြင်နေတဲ့ မင်းသားတစ်လက်လို့ ဆိုလို့ရပါတယ်နော်။

ကျော်ကျော်ဗိုလ်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားပြီး အေးချမ်းစွာနဲ့နေထိုင်နေတာပဲဖြစ်ပါတယ်။နှင်းဆီအဖွဲ့သားတွေမှာလည်း တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ ဟာသဉာဏ်လည်းရွှင်ပြီး ကျော်ကျော်ဗိုလ်ရဲ့ရယ်စရာပြက်လုံးတွေကိုလည်း ပရိသတ်တွေက လွန်စွာမှနှစ်ခြိုက်သဘောကျကြပါတယ်နော်။

ကျော်ကျော်ဗိုလ်ကတော့ အခုဆိုရင်အသက်အရွယ်တစ်ခုကိုရောက်ရှိလာပြီဖြစ်ပေမယ့် ခန့်ညားနုပျိုခြင်းတွေက အမြဲတမ်းလန်းဆန်းနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ကျော်ကျော်ဗိုလ်က "အပူအပင်ကင်းတဲ့ကလေးလေးဘဝကို သုံးလေးငါးခါလောက်ပြန်ပြီးရချင်သေးတယ်"လို့ရေးသားထားက သူ့ရဲ့ငယ်ဘဝကပုံရိပ်လေးနဲ့တွဲပြီး ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Source:Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။