မြင်ရသူတိုင်း အသည်းတယားယားနဲ့ချစ်မဝဖြစ်စေမယ့်သူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့တစ်ဦးတည်းသောအဖိုးတန်သားရတနာလေး Liam(ခ) လွင်ထက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပုံရိပ်လေးတွေတိုင်းဟာ ပရိသတ်တွေကိုအခါခါပြန်ကြည့်စေရလောက်အောင် ချစ်ဖို့ကောင်းလွန်းနေတာပါ။ အဖေချော ၊ အမေချောဖြစ်တာကြောင့်လည်း သားလေးကတော့ ခန့်ချောလေးဖြစ်နေတာပါ။ 

တစ်ဦးသောသားလေး Liam လေးဟာ တစ်နေ့ထက်တစ်နေ့ပိုပိုချစ်ဖို့ကောင်းလွန်းလာတာပဲ ဖြစ်ပြီး ပရိသတ်တွေသာမကပဲ အနုပညာရှင်များက ချစ်မဝနိုင်အောင်ဖြစ်နေရတာပါ။ သားလေးကတော့တဖြည်းဖြည်းနဲ့အသက်အရွယ်လေးရလာလေလေချစ်ဖို့ကောင်းနေတာကြောင့်ပရိသတ်တွေရဲ့အသည်းနှလုံးလေးပဲဖြစ်ပါတယ်။ ဖေဖေမေမေဖိုးဖိုးဖွားဖွားတို့ရဲ့အချစ်တွေကိုလည်းအပြည့်သိမ်းပိုက်ထားတဲ့လူလည်လေးပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်းသားလေးရဲ့ပုံရိပ်လေးတွေ video လေးတွေကိုသာကြည့်ပြီးချစ်မဝဖြစ်နေတာပါ။ ဖိုးဖိုးဖွားဖွားတွေကလည်းသားလေးနဲ့တူတူဆော့ကစားပြီးသားလေးချစ်စရာပုံရိပ်လေးတွေတိုင်းကိုပရိသတ်တွေအတွက်တင်ပေးလေ့ရှိတာပါ။ အခုတစ်ခေါက်မှာလည်း သားလေးရဲ့ပုံရိပ်လေးတွေဝေမျှထားတာကြောင့် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Tin Nwe Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။