ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့ကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ရွှေကစ်လေးလို့ ပရိသတ်တွေကချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့ပြီးပြည့်စုံတဲ့အလှတရားတွေကိုလည်း မိန်းကလေးတွေက အားကျကြပါတယ်နော်။

ရွှေကစ်လေးကတော့ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေကိုလည်း ရရှိထားတာဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်မှာရပ်တည်နေတာဖြစ်ပါတယ်။ရွှေကစ်ခေးကတော့ အသက်၃၀ကျော်အရွယ်ဖြစ်ပေမယ့် အမြဲတမ်း၁၆နှစ်အရွယ်လို နုပျိုလန်းဆန်းတက်ကြွနေတာကို ပရိသတ်ကြီးလည်းလက်ခံမှာပါနော်။

အခုလက်တလောမှာတော့ ရွှေကစ်လေးက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုအဆက်မပြတ်ရိုက်ကူးနေတာကိုတွေ့ရပါတယ်။အခုဆိုရင်လညွး ရွှေကစ်လေးက "ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ ကြိုမယ်"ဆိုတဲ့ဇာတ်ကားကြီးမှာ ခင်နှောင်းအဖြစ်ပါဝင်ဖို့အတွက် ဖြုံဘူးရွာလေးကိုရောက်ရှိနေတာဖြစ်ပါတယ်။ရွှေကစ်လေးကတော့ ဖြုံဘူးရွာမှာနေရင်း သဘာဝအလှလေးနဲ့တောင် အရမ်းလှနေတဲ့ ဖြူဖြူစင်စင်အလှလေးကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Kit Activites

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။