ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် မင်းသမီးလေးတွေထဲမှာ MRTV-4 မင်းသမီးချောလေး နေခြည်ရွှန်းလဲ့ကလည်း အပါအဝင်ပါပဲ..။

MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာအပြည့် ယူထားနိုင်တဲ့ နေခြည်ရွှန်းလဲ့ကတော့ "ပုဂံမြို့သူ"ဇာတ်ကားမှာ ဂွမ်းနုလေးအဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို စတင်ရရှိခဲ့ပြီး "မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန"ဇာတ်ကားမှာလည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်နော်..။

အေးချမ်းတဲ့ အလှတရားတွေနဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ နေခြည်ရွှန်းလဲ့ကတော့ မဟာဆန်တဲ့ အလှပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားပါသေးတယ်နော်..။

ပန်းနုရောင် မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ ကျော့ရှင်း မဟာဆန်စွာ လှသွေးကြွယ်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ကျက်သရေရှိတဲ့ အလှတရားတွေကို ဖော်ဆောင်နေပါတယ်နော်..။

ချစ်စရာကောင်းပြီး ကျော့ရှင်းလှပနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း မင်းသမီးချောလေး နေခြည်ရွှန်းလဲ့က ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ အားလုံးကလည်း သဘောကအေချ်ပိုနေကြတာ တွေ့ရပါတယ်နော်..။

"မြတ်နိုးတယ်ဆိုတာ ချစ်တာကိုပြောတာလား.." ဆိုတဲ့ အမေးစကားလေးနဲ့အတူ မဟာဆန်လွန်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - နေခြည်ရွှန်းလဲ့၊ Kina Alpha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။