သရုပ်ဆောင် မင်းသားချောလေး သူရိယကတော့ စိတ်သဘောထားပြည့်ဝပြီး စကားပြောချိုသာတဲ့ ပရိသတ်တွေရဲ့အသည်းကျော်လေးတစ်ဦး ဖြစ်ပါတယ်။ သူရိယက ရုပ်ရည်ချောမောခန့်ညားတဲ့အပြင် ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိတာကြောင့် ပျိုမဒီလေးတွေက စွဲလန်းနေရတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မနားတမ်းလုပ်ကိုင်နေရတဲ့ သူရိယတစ်ယောက် အောင်မြင်မှုတွေ ပိုပိုပြီးရရှိလာတာလည်း တွေ့ရပါတယ်။

အခုရက်ပိုင်းမှာတော့ သူရိယတစ်ယောက် မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အလှူအတန်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း သူရိယတို့ စိန်ဘယက်ဆေးတိုက်မိသားစုက ဝါဆိုသင်္ကန်းကပ်အလှူကို ပြုလုပ်ခဲ့ကြပါသေးတယ်။ ဒီနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာတော့ သူရိယတစ်ယောက် ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီလသွားယူခဲ့တာ တွေ့ရပါတယ်။

သူရိယက ဖခင်ဖြစ်သူနဲ့အတူ ဥပုသ်စောင့်သွားရင်း ဘုန်းကြီးကျောင်းက ယောဂီတွေအတွက်လည်း ဆေးဝါးအလှူဒါနပြုခဲ့တာ ဖြစ်ပါတယ်။ အခုလည်း သူရိယက ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတဲ့ သူရဲ့ပုံလေးတွေကို မျှဝေပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး သူရိယရဲ့သာဓုခေါ်ချင်စရာကောင်းတဲ့ အလှူပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thu Riya;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။