ပရိသတ်တွေရဲ့ အချစ်တော် ဖြူဖြူထွေးဟာ အကဝါသနာရှင်ဖြစ်တဲ့အပြင် ထူးခြားတဲ့ ကကွက်တွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ရ ရေပန်းစားလာခဲ့တဲ့ လူငယ်၊ လူရွယ်လေးပဲဖြစ်ပါတယ်..။ အစပိုင်းမှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ ကိုယ်ပိုင်အရည်းအချင်းနဲ့ ကြိုးစားမှုတွေကြောင့် လက်ခံအားပေးခြင်းသို့ ပြောင်းလဲသွားပြီး အားလုံးက ချစ်ခင်အားပေးဝန်းရံလျက်ရှိတာပဲဖြစ်ပါတယ်...။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ နယ်လှည့်ဖျော်ဖြေရေးတွေအများဆုံးလက်ခံလာရပြီး ကြော်ငြာအများအပြားလည်း လက်ခံရိုက်ကူးလာရတာကြောင့် ပရိသတ်ကြီးအနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာ အားပေးကြရမှာပါနော်....။ သဘာဝကျကျသရုပ်ဆောင်ထားတဲ့ Tik Tokဗီဒီယိုဖိုင်လေးတွေဟာဆိုရင်လည်း လူမှုကွန်ယက်ပေါ်မှာ ဖြူဖြူထွေးဆိုတဲ့ နာမည်တစ်လုံးနဲ့ ဂုဏ်သတင်း မွှေးကြိုင်စွာ ပျံ့နှံ့လျက်ရှိတာဖြစ်ပါတယ်..။

အခုတစ်ခါမှာဆိုရင်လည်း ဖြူဖြူထွေး၊ ကိုနေထူးနိုင်၊ ကိုမင်းရာဇာ၊ ကိုစစ်နိုင် တခြားအနုပညာရှင်များစွာနဲ့အတူ မင်းဘူးမြို့သို့ ထာဝရ ကုသိုလ်တွေ သွားရောက်ပြုလုပ်ခဲ့ကြတာပါ...။ အဆိုပါ အကြောင်းကို သူမရဲ့ official facebook page တွင် မှတ်တမ်းတင်ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင်လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။