ပရိသတ်ကြီးရေ မင်းသမီးချောလေးဆုပန်ထွာကတော့ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့လက်ခံအားပေးမှုတွေကို ရရှိထားတာကြောင့် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်နော်။ဆုပန်ထွာကတော့ ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေ ကြော်ငြာတွေအများအပြားကိုရိုက်ကူးခဲ့ပြီး ဆံနွယ်အရှည်ကြီးနဲ့မြန်မာဆန်ဆန်အလှကိုပိုင်ဆိုင်တဲ့သူပဲဖြစ်ပါတယ်နော်။

ယခုချိန်မှာဆိုရင်တော့ ဆုပန်ထွာက ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အေးချမ်းတည်ငြိမ်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။ဆုပန်ထွာက ပွဲတွေသွားပြီး ပရိသတ်တွေအတွက် သီချင်းတွေသီဆိုဖျော်ဖြေသလို သူမရဲ့သီချင်းခွေအသစ်ကလည်း မကြာသေးခင်ကမှထွက်ရှိထားတာဖြစ်ပါတယ်။ဆုပန်ထွာရဲ့သီချင်းတွေကလည်း ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားအောင်မြင်နေတာကိုတွေ့ရပါတယ်နော်။

ဆုပန်ထွာရဲ့ တစ်ဦးတည်းသောသားလေး Roar Roar လေးကတော့ စကားလေးတွေတီတီတာတာနဲ့ပြောတတ်နေပြီဖြစ်လို့ မေမေဆုပန်ထွာအတွက်ကတော့ အမြဲတမ်းပျော်နေရပါတာပဲ ဖြစ်ပါတယ်။တစ်ဦးတည်းသောသားလေးမို့ အချစ်တွေပိုနေရတဲ့အပြင် လိမ္မာရေးခြားရှိပြီး ငယ်ငယ်လေးနဲ့ ဘာသာတရားရိုသေကိုင်းရှိုင်းတတ်သူလေးတစ်ဦး ဖြစ်တာကြောင့် ဖေဖေမေမေတို့ရဲ့ မျက်စိအောက်ကအပျောက်မခံနိုင်အောင် ချစ်နေကြရတာပဲ ဖြစ်ပါတယ်။မနေ့က စုပေါင်းလှူဒါန်းခဲ့ကြတဲ့ အလှူပွဲလေးမှာဆိုရင် Roar Roar လေးက တံမြက်စည်းလှည်းကုသိုလ်လေးထဲမှာ ပါဝင်ကုသိုလ်ယူတတ်နေပြီပဲ ဖြစ်ပါတယ်။မေမေဆုပန်ထွာရဲ့ တစ်ဦးတည်းသောသားလေး Roar Roarလေးရဲ့ တံမြက်စည်းလှည်းကုသိုလ်ယူနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို Myanmarload ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Photos-Su Pan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။