ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကတော့ အခုနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုပိုမိုရရှိလာပြီး သဘောမနောကောင်းတဲ့မင်းသမီးလေးလို့ ပရိသတ်တွေကသက်မှတ်ထားကြတာဖြစ်ပါတယ်။အေးမြတ်သူရဲ့ အနုပညာအရည်အသွေးတွေကလည်း သက်တမ်းတစ်ခုထိကြာမြင့်နေတာကြောင့် ပိုပိုကောင်းလာပြီး သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကို ပရိသတ်တွေကကြိုက်နှစ်သက်ကြပါတယ်နော်။

အေးမြတ်သူက စိတ်ထားလေးလည်းဖြူစင်နူးညံ့သူတစ်ယောက်ဖြစ်လို့ သတ္တဝါလေးတွေအပေါ်မှာလည်း သနားညှာတာတတ်သလို အကူအညီလိုအပ်နေတဲ့သူတိုင်းကိုလည်းဖေးမကူညီနေတာကိုတွေ့ရပါတယ်။ရိုးရှင်းပွင့်လင်းပြီး ဖော်ရွေစွာနဲ့ လူတိုင်းကိုခင်ခင်မင်မင်ဆက်ဆံတတ်လို့လည်း အေးမြတ်သူက လူချစ်လူခင်ပေါများနေတာပါနော်။ခရီးထွက်ရတာလည်း ဝါသနာပါတဲ့ အေးမြတ်သူက သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ မကြာခဏခရီးထွက်လေ့ရှိပါတယ်နော်။

အခုဆိုရင်တော့ အေးမြတ်သူက အင်္ဂလန်ပြည်ကိုရောက်ရှိနေပြီး"ခမ်းနားလှတဲ့ အဆောက်အဦးတွေမတူညီတဲ့ ယဉ်ကျေးမှုတွေ အင်္ဂလန်ပြည်ရဲ့ လွမ်းမောစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတွေ ကြားမှာချစ်သူရဲ့အနမ်းတွေကို အောက်မေ့တမ်းတတာကလွဲရင် ကျမပျော်နေပါတယ် ချစ်သူ"လွမ်းမောစရာကောင်းတဲ့နေရာလေးမှာ ပုံလှလှလေးတွေရိုက်ပြီး ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Aye Myat Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။