ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ကတော့ အားကိုးရမယ့် သားကြီးလေးနဲ့ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကို Single Mother တစ်ယောက်အဖြစ်နဲ့ ပြုစုပျိုးထောင်ပေးနေကာ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်နော်။ခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးနှစ်ယောက်ရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး အားမာန်အပြည့်ပေးတဲ့ ချီးကျူးစရာမိခင်ကောင်းတစ်ယောက်ပါနော်။

ခင်ဇာခြည်ကျော်ရဲ့ သားကြီးလေး ဘုန်းမင်းနေလကတော့ မေမေ့လိုပဲ အနုပညာကိုဝါသနာပါတာကြောင့် ရွှေကြိုကနေစတင်ပြီး အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်နော်။မေမေခင်ဇာခြည်ကျော်ကလည်း သားကြီးရဲ့ အနုပညာအလုပ်တွေကိုလည်း အကြံဉာဏ်တွေပေးရင်းလိုအပ်တာမှန်သမျှကိုကူညီပေးနေတာဖြစ်ပြီး အခုဆိုရင်တော့ ဘုန်းမင်းလည်း စင်ကာပူမှာကျောင်းပြန်သွားတတ်နေပြီဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ရဲ့သမီးငယ်လေး ထင်သစ္စာကလည်း မေမေ့ရဲ့အလှအပတွေကိုအကုန်လုံးယူထားတဲ့ သမီးချောလေးတစ်ယောက်ဖြစ်ပါတယ်နော်။သမီးလေးကတော့ တစ်ခါတစ်လေကျရင် Tiktok လေးတွေဆော့ပြီး ပရိသတ်ကြီးအတွက်မျှဝေနေကျဖြစ်ပါတယ်။အခုဆိုရင်လည်း ခေတ်စားနေတဲ့ Tiktok သီချင်းလေးတွေကို အသည်းယားစရာကောင်းတဲ့အမူအရာလေးတွေနဲ့ အိုင်တင်ထုတ်ရင်း ကစားနေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Khinzar Chikyaw Zar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။