တိကျတဲ့သွင်းဂိုးတွေနဲ့ တိုက်စစ်မှူးတစ်ယောက်ရဲ့ကစားပုံရှိပြီးအသင်းအတွက်ခြေစွမ်းပြနိုင်တာကတော့ PSG အသင်းတိုက်စစ်မှူးနေမာပဲဖြစ်ပါတယ်။တစ်ချိန်ကသူကတော့ဘာစီလိုနာအသင်းမှာခြေစွမ်းပြကစားပြီးကမ္ဘာကျော်တိုက်စစ်မှူးတစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။သူကတော့အသက်ငယ်ငယ်လေးနဲ့ကမ္ဘာကျော်နေတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့ပြောင်းရွေ့ကြေးအများဆုံးကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

သူကတော့ခု PSG အသင်းမှာဒဏ်ရာပြဿနာတွေကြောင့်မကြာခဏအနားယူနေရပြီးအသင်းရဲ့အဓိကပွဲတွေမှာလည်းလွဲချော်နေရသူတစ်ဦးဖြစ်ပါတယ်။ခုမှာလည်းဘရာဇီးအသင်းမှာဒဏ်ရာရခဲ့ပြီးနိုင်ငံအသင်းပွဲစဉ်တွေပါလွဲချော်နေရတာဖြစ်ပါတယ်။ဒဏ်ရာပြဿနာတွေမကြာခဏရရှိနေတာကြောင့်ဒီနှစ်အပြောင်းအရွေ့မှာ အသင်းဟောင်းဘာစီလိုနာအသင်းကိုပြန်ပြောင်းဖို့သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။

သူ့ကိုယနေ့တိုင်ပရိသတ်တွေအားကျနေရပြီး အသင်းတိုင်းအလိုရှိနေတာကတော့သူ့ရဲ့ခြေစွမ်းတွေကြောင့်ဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကဒဏ်ရာရပြီးပွဲတွေအကြာကြီးနားနေရပေမယ့်ပြန်ကစားချိန်မှာတော့ခြေစွမ်းတွေကအကောင်းဆုံးမှာပဲရှိနေတာပါ။ခုမှာလည်း ကွင်းအကြီးမှာမဟုတ်ပဲဖူဆယ်ကွင်းလေးထဲမှာတစ်ဖက်အသင်းကစားသမားတွေရူးခါလောက်အောင်ခြေစွမ်းတွေပြနေတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းနေမာရဲ့အကောင်းဆုံးစကေး video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။