ချစ်ပရိတ်သတ်ကြီးရေ... တစ်ချိန်ကအရမ်းကိုနာမည်ကြီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ အခုအချိန်ထိလည်းပရိတ်သတ်တွေအားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသမီးချစ်စနိုးဦးကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်လည်းဖြစ်ပြီးတော့ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်နော်။

သူမဟာအခုအချိန်မှာ ရုပ်ရှင်ဗီဒီယိုလောကနဲ့ အဆက်အသွယ်တွေပြတ်ပြီး အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိတ်သတ်တွေအရမ်းချစ် အရမ်းအားပေးခြင်းကိုခံထားရတဲ့သူတစ်ယောက်ပါနော်။ ဒါ့အပြင် သူမဟာ အချိန်ကာလတွေဘယ်လောက်ပဲပြောင်းပြောင်း ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ကျက်သရေအဖြာဖြာပြည့်စုံတဲ့ အလှကတော့ အရင်အတိုင်းပါပဲနော်။

သူမဟာလတ်တလောမှာတော့ ခရီးလေးတွေထွက်ဖြသ်နေတာကိုတွေ့ရပြီးတော့ အခုတစ်ခါမှာလည်း အိမ်မက်တိုင်းပြည်လို့ကို တင်စားခေါ်ဝေါ်ကြတဲ့ အရမ်းလှတဲ့ ပဲရစ်မြို့လေးကို ရောက်ရှိလို့နေပါတယ်နော်။ နာမည်ကျော် Effel Towerကြီးနဲ့အတူအမှတ်တရပုံရိပ်လေးတွေကိုလည်း ရိုက်ကူးခဲ့ပြီးတော့ သူမရဲ့ ထာဝရမပြောင်းလဲတဲ့ဆယ်ကျော်သက်အရွယ်အလှတရားတွေကလည်း ပရိတ်သတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်နော်။ ကဲ... ဘယ်အချိန်ကြည့်ကြည့် တချိန်က ဗီဒီယိုဇာတ်ကားတွေထဲကလိုမျိုး ကြွကြွရွရွလေးလှပနေဆဲဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဦးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : Chit Snow Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။